စီးရီးအေအကောင်းဆုံး ဂိုးသမားစာရင်းမှာ ပါဝင်လာတဲ့ ဒီဂီယာ

03 Nov

စီးရီးအေအမှတ်ပေးပြိုင်ပွဲ ဂျီနိုအာအသင်းနဲ့ ဖီအိုရင်တီးနားအသင်းတို့ပွဲစဉ်မှာ ဂိုးသမား ဒီဂီယာ က အသင်းဂိုးပေါက်ကို အကောင်းဆုံးကာကွယ်ပေးနိုင်ခဲ့ပြီးနောက် စီးရီးအေအကောင်းဆုံး ဂိုးသမားစာရင်းတွင် ပါဝင်ခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့ပါတယ်။ မန်ယူအသင်းနဲ့ ၁၂ ရာသီကြာကစားခဲ့ကာ စာချုပ်ကုန်ဆုံးချိန်မှာ အသင်းလက်မဲ့ဖြစ်နေခဲ့ပြီး ယခုနှစ်တွင် ဖီအိုရင်တီးနားအသင်းသို့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ မန်ယူအသင်းမှာ ကစားခဲ့စဉ်က အကောင်းဆုံး ဂိုးသမားဆုကို ရယူနိုင်ခဲ့သူဖြစ်ပြီး ဖီအိုရင်တီးနားအသင်းမှာလည်း ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခွင့်ရကာ လက်စွမ်းပြကစားနေခဲ့တာဖြစ်ပါတယ်။ အသက် ၃၃ နှစ်အရွယ် ဒီဂီယာ အနေနဲ့ ဖီအိုရင်တီးနားအသင်းကို အမှတ်ပေးဇယား အဆင့်(၄)နေရာသို့ ရောက်အောင် စွမ်းဆောင်ပေးခဲ့ပြီး လက်ရှိတွင် နာပိုလီ၊ ဂျူဗင်တပ်အသင်းတို့နောက်မှာ ပေးဂိုးအနည်းဆုံးနဲ့ ရပ်တည်နေတာဖြစ်ပါတယ်။ ဒီဂီယာ ဟာ စီးရီးအေမှာ ဂိုးပေါက်ကာကွယ်နိုင်မှု အများဆုံးဂိုးသမားအဖြစ် ရပ်တည်နေပြီး ဂိုးမပေးရတဲ့ ဂိုးသမားစာရင်းမှာ အဆင့်(၆)မှာ ရပ်တည်နေပါတယ်။(NVS 008)

03 Nov

ADVERTISE HERE .