လာလီဂါကလပ်များက ဘာစီလိုနာနောက်ခံကစားသမား အဲရစ်ဂါစီယာ ကို အပြိုင်ခေါ်ယူရန်ကြိုးပမ်း

03 Nov

လာလီဂါကလပ်များဖြစ်တဲ့ ဆိုစီဒက်နဲ့ ဂျီရိုနာအသင်းတို့က ဘာစီလိုနာနောက်ခံကစားသမား အဲရစ်ဂါစီယာ ကိုခေါ်ယူရန် အပြိုင်စိတ်ဝင်စားနေကြောင်း သိရပါတယ်။ အသက် ၂၃ နှစ်အရွယ် စပိန်လက်ရွေးစင်နောက်ခံကစားသမား အဲရစ်ဂါစီယာ ဟာ နည်းပြ ဟန်ဆီဖလစ်ခ် လက်ထက်မှာ ပုံမှန်ပွဲကစားခွင့်ရရန် ရုန်းကန်နေခဲ့ရတာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းရဲ့ အဓိကနောက်ခံ ကစားသမားဖြစ်သူ အာရူဟို ကလည်း ဒဏ်ရာမှပြန်လည်သက်သာလာခဲ့လို့ နိုဝင်ဘာလ တတိယပတ်မှာ ပြန်ကစားနိုင်ဖွယ်ရှိနေပါတယ်။ အာရူဟို သာပြန်ကစားနိုင်ပါက အဲရစ်ဂါစီယာ အနေနဲ့ ပွဲကစားခွင့်ရရန် ပိုမိုရုန်းကန်ရဖွယ်ရှိနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ဆိုစီဒက်နဲ့ ဂျီရိုနာအသင်းတို့က ပုံမှန်ကစားခွင့်အတွက် ရုန်းကန်နေရတဲ့ အဲရစ်ဂါစီယာ ကို လာမည့်ဇန်နဝါရီလအတွင်း ခေါ်ယူနိုင်ရန် အပြိုင်ကြိုးပမ်းလာဖွယ်ရှိနေပါတယ်။ စာချုပ်သက်တမ်းက ၂၀၂၆ ခုနှစ် ထိရှိနေပေမယ့် ဘာစီလိုနာအသင်းက အဲရစ်ဂါစီယာ ကို ရောင်းချဖွယ်ရှိကြောင်း သတင်းများက ဖော်ပြနေပါတယ်။(NVS 008)

03 Nov

ADVERTISE HERE .