ဒဏ်ရာကြောင့် သုံးပတ်ခန့်နားရမည့် ဂျိုတာ

03 Nov

လီဗာပူးလ်တိုက်စစ်ကစားသမား ဂျိုတာ ဟာ ချဲလ်ဆီးအသင်းနဲ့ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ချဲလ်ဆီးအသင်းနောက်ခံလူ တိုဆန် နဲ့တိုက်မိပြီး နံရိုးဒဏ်ရာရရှိခဲ့လို့ ရက်သတ္တသုံးပတ်ခန့် အနားယူရမည် ဖြစ်ကြောင်း အသင်းနည်းပြ ဆလော့က အတည်ပြုပြောကြားခဲ့ပါတယ်။ အဆိုပါဒဏ်ရာကြောင့် ဂျိုတာ အနေနဲ့ အာဆင်နယ်၊ ဘရိုက်တန် တို့နဲ့ ကစားခဲ့တဲ့ပွဲများကို လွဲချော်ခဲ့သလို လီဗာပူးလ်အသင်းရဲ့ နောက်ထပ်ပွဲစဉ် ၃ ပွဲကိုပါ လွဲချော်တော့မှာ ဖြစ်ကြောင်းသိရပါတယ်။ လီဗာပူးလ်အသင်းနည်းပြ အာနီဆလော့ က တိုက်စစ်ကစားသမားဖြစ်သူ ဂျိုတာ အနေနဲ့ နိုဝင်ဘာလအတွင်း နိုင်ငံတကာပွဲစဉ်များပြီးမှသာ ပြန်လည်ကစားနိုင်ဖွယ်ရှိကြောင်း ပြောကြားခဲ့ပါတယ်။ (NVS 008)

03 Nov

ADVERTISE HERE .