ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကို ဒီဇင်ဘာလ ၉ ရက်မှ ၂၀ ရက်အထိ နေပြည်တော်တွင် ကျင်းပမည်

03 Nov

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း နိုင်ငံတော်အဆင့် ပွဲတော်အဖြစ် ကျင်းပသွားမည်ဖြစ်ရာ ဝန်ကြီးဌာနအဆင့်၌ အားကစားနည်း ၆ မျိုးကို ထည့်သွင်းပြီး ဒီဇင်ဘာလ ၉ ရက်မှ ၂၀ ရက်အထိ နေပြည်တော်၌ ကျင်းပသွားမှာဖြစ်ပါတယ်။ ဝန်ကြီးဌာနအဆင့်တွင် ပြေးခုန်ပစ်(အမျိုးသား/အမျိုးသမီး)၊ ဘောလုံး(အမျိုးသား)၊ ဖူဆယ်(အမျိုးသား)၊ ဂေါက်သီး(အမျိုးသား)၊ ပိုက်ကျော်ခြင်း(အမျိုးသား)နှင့် ဘော်လီဘော(အမျိုးသား)စတဲ့ အားကစားနည်း ၆ မျိုးကို ထည့်သွင်းယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့်တွင် ပြေးခုန်ပစ်(အမျိုးသား/အမျိုးသမီး)၊ ဘတ်စကက်ဘော(အမျိုးသား)၊ ကြက်တောင်(အမျိုးသား/အမျိုးသမီး)၊ ဘိလိယက်/စနူကာ(အမျိုးသား)၊ လက်ဝှေ့(အမျိုးသား)၊ ကာယဗလနှင့် ကာယကြံ့ခိုင်မှု(အမျိုးသား/အမျိုးသမီး)၊ ခရစ်ကတ်(အမျိုးသား)၊ ဘောလုံး(အမျိုးသား/အမျိုးသမီး)၊ ဖူဆယ် (အမျိုးသား/အမျိုးသမီး)၊ ဂေါက်သီး(အမျိုးသား)၊ ဂျူဒို(အမျိုးသား/အမျိုးသမီး)၊ ကရာတေး(အမျိုးသား/ အမျိုးသမီး)၊ ပိုက်ကျော်ခြင်း(အမျိုးသား/အမျိုးသမီး)၊ ရေကူး(အမျိုးသား/အမျိုးသမီး)၊ စားပွဲတင်တင်းနစ်(အမျိုးသား/ အမျိုးသမီး၊ တိုက်ကွမ်ဒို (အမျိုးသား/အမျိုးသမီး)၊ တင်းနစ်(အမျိုးသား)၊ ရိုးရာခြင်းလုံး(အမျိုးသား/အမျိုးသမီး)၊ မြန်မာ့သိုင်း(အမျိုးသား/အမျိုးသမီး)၊ ဘော်လီဘော(အမျိုးသား/အမျိုးသမီး)၊ ဗိုဗီနမ်(အမျိုးသား/အမျိုးသမီး)၊ အလေးမ(အမျိုးသား/အမျိုးသမီး)၊ ဝူရှူး(အမျိုးသား/အမျိုးသမီး)စတဲ့ အားကစားနည်း ၂၃ မျိုးတို့ကို ထည့်သွင်း ကျင်းပသွားမှာဖြစ်ပါတယ်။ ပြိုင်ပွဲအမျိုးအစားအလိုက် အားကစားသမားစုစုပေါင်း ၆၅၀ ခန့် ပါဝင်ယှဉ်ပြိုင်ရန် လျာထားလျက်ရှိကြောင်း သိရပါတယ်။ ယခုနှစ် ဒီဇင်ဘာလအတွင်းကျင်းပမည့် အမျိုးသားအားကစားပွဲတော်မှာ ပဉ္စမအကြိမ်မြောက်ဖြစ်ပြီး ၁၉၉၂ ခုနှစ်တွင် ပထမအကြိမ်၊ ၁၉၉၄ ခုနှစ်တွင် ဒုတိယအကြိမ်၊ ၁၉၉၇ ခုနှစ်တွင် တတိယအကြိမ်၊ ၂၀၁၅ ခုနှစ်တွင် စတုတ္ထအကြိမ်မြောက်အဖြစ် အသီးသီးကျင်းပခဲ့ခြင်းဖြစ်ပါတယ်။ (NVS 008)

03 Nov

ADVERTISE HERE .