ရှမ်းရိုးရာဓလေ့ ကထိန်ဆင်ဆွဲပွဲတော်ကို နိုဝင်ဘာလအတွင်းကျင်းပမည်

03 Nov

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယုမြို့၊ ဒေါင်နေကျေးရွာ၌ ရှမ်းရိုးရာဓလေ့ဖြစ်တဲ့ ကထိန်ဆင်ဆွဲပွဲတော်ကို နိုဝင်ဘာလ ၅ ရက်မှ ၇ ရက်ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ ရိုးရာဓလေ့ဆင်ဆွဲအလှူပွဲတော်ကို ရှမ်းတိုင်းရင်းသားတို့ရဲ့ ရှေးအစဉ်အလာအတိုင်း ဒေသတွင်းဖွံ့ဖြိုး တိုးတက်လာစေရေး၊ ဆန်ရေစပါး၊ ကောက်ပဲသီးနှံ၊ စီးပွားရေးလာဘ်လာဘ တိုးတက်ကောင်းမွန်စေရန်နှင့် သဘာဝဘေးအန္တရာယ် မရှိစေရန်အတွက်ရည်မှန်းပြီး တစ်နှစ်လျှင်တစ်ရွာစီဖြင့် အလှည့်ကျကျင်းပလေ့ရှိတာ ဖြစ်ပါတယ်။ အဆိုပါ ဆင်ဆွဲအလှူပွဲတော်ကို အလှည့်ကျရာ ရပ်ကွက်/ကျေးရွာများမှ တိုင်းရင်းသားတို့က အစုအဖွဲ့ အလိုက် ဆင်ရုပ်၊ မြင်းရုပ်များ ကြိုတင်ပြင်ဆင်ပြုလုပ်ထားကြပြီး အလှူပွဲကျင်းပသည့် နေ့ရက်၌ ယင်းအရုပ်များ ပေါ်တွင် စေတနာသဒ္ဒါတရားထက်သန်မှုအလိုက် လှူဖွယ်ပစ္စည်းအမျိုးမျိုးနှင့် ဝတ္ထုငွေများကို စုပေါင်းလှူဒါန်း ထားကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆင်ယင်ထားသည့် ဆင်ရုပ်၊ မြင်းရုပ်များကို ရွာအတွင်းလှည့်လည်၍ ဘုန်းတော်ကြီးကျောင်းတိုက်သို့ ဆက်ကပ်လှူဒါန်းနည်းဖြစ်ကြောင်း သိရပါတယ်။ ပွဲတော်ကျင်းပသည့်နေ့ရက်များတွင် ရှမ်းတိုင်းရင်းသူများက ရိုးရာလမ်းမုန်းအကများ၊ စတုဒီသာများ ကျွေးမွေ့မည့်အပြင် ညဘက်တွင် အိုးစည်ဗုံမောင်းများ၊ ရှမ်းရိုးရာအကများဖြင့် ဖျော်ဖြေမည်ဖြစ်ကြောင်း သိရပါတယ်။(NVS 008)

03 Nov

ADVERTISE HERE .