MSN တိုက်စစ်အတွဲကို ပြန်လည်အသက်သွင်းမည့် အင်တာမိုင်ယာမီအသင်း

02 Nov

မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းက ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းမှ ဘရာဇီးလ် တိုက်စစ်ကစားသမား နေမာ ကိုခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရပါတယ်။ နေမာ အနေနဲ့ ဒဏ်ရာကြောင့် တစ်နှစ်ကျော်ကာလအထိ အနားယူခဲ့ရာမှ ပြီးခဲ့တဲ့ အောက်တိုဘာလကမှ အယ်လ်ဟီလာအသင်းအတွက် ပြန်ကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။ အင်တာမိုင်ယာမီအသင်းရဲ့ ပူးတွဲပိုင်ရှင်ဖြစ်တဲ့ နာမည်ကျော်ဘောလုံးသမားဟောင်း ဒေးဗစ်ဘက်ခမ်း က ကမ္ဘာကျော်ဘောလုံးသမား မက်ဆီ ကို ခေါ်ယူနိုင်ခဲ့ပြီးနောက် ဘာစီလိုနာအသင်း ကစားသမားဟောင်းတွေဖြစ်တဲ့ ဘတ်စကွက်စ်၊ ဂျော်ဒီအယ်ဘာ နဲ့ ဆွာရက်ဇ် တို့ကို ထပ်မံပြီးခေါ်ယူခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းတွင် ယခင်က မက်ဆီ၊ ဆွာရက်ဇ် နဲ့ နေမာ တို့ရဲ့ တိုက်စစ်အတွဲ MSN ဟာ ဘောလုံးလောကတွင် အကောင်းဆုံးတိုက်စစ်အတွဲအဖြစ် သတ်မှတ်ခံခဲ့ရပြီး ယခုအခါ အင်တာမိုင်ယာမီအသင်းက အဆိုပါ MSN တိုက်စစ်အတွဲကို ပြန်လည်အသက်သွင်းလိုနေတာကြောင့် နေမာ ကို ခေါ်ယူလိုနေခြင်းဖြစ်ကြောင်း သိရပါတယ်။(NVS 008)

02 Nov

ADVERTISE HERE .