စတီဗင်ဂျရတ်ကို ရာထူးမှနုတ်ထွက်ပေးဖို့ ပရိသတ်များတောင်းဆို

02 Nov

ဆော်ဒီကလပ် အယ်လ်အစ်တီဖတ်အသင်းရဲ့ ပရိသတ်များက နည်းပြ စတီဗင်ဂျရတ် ကို ရာထူးမှ နုတ်ထွက်ပေးရန် တောင်းဆိုခဲ့ကြောင်း သိရပါတယ်။ အင်္ဂလန်ကွင်းလယ်ကစားသမားဟောင်း ဂျရတ် အနေနဲ့ ၂၀၂၃ နွေရာသီမှာ အယ်လ်အစ်တီဖတ်အသင်းကို စတင်ကိုင်တွယ်ခဲ့ပြီး ၂၀၂၄ ဇန်နဝါရီလတွင် ၂၀၂၇ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ပါတယ်။ သို့သော် အယ်လ်အစ်တီဖတ်အသင်းက ဆော်ဒီဖလားပြိုင်ပွဲမှာ ဒုတိယတန်းကလပ်အသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် ပရိသတ် များက နည်းပြဖြစ်သူရဲ့ လူထုတ်ပုံကို ဝေဖန်ပြစ်တင်နေပြီး ရာထူးမှနုတ်ထွက်ပေးရန် တောင်းဆိုခဲ့ကြခြင်း ဖြစ်ပါတယ်။ စတီဗင်ဂျရတ် ဟာ ကစားသမားဘဝမှ အနားယူခဲ့ပြီးနောက် စကော့တလန်ကလပ် ရိန်းဂျားစ်အသင်းကို ကိုင်တွယ်ရာမှာ အောင်မြင်မှုများ ရယူနိုင်ခဲ့ပေမယ့် အက်စတွန်ဗီလာအသင်းကို တာဝန်ယူခဲ့ချိန်မှာတော့ ရလဒ်များဆိုးရွားခဲ့လို့ ရာထူးမှ ထုတ်ပယ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။(NVS 008)

02 Nov

ADVERTISE HERE .