(၇၇)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲ ကျင်းပမည့်ရက်ထုတ်ပြန်

02 Nov

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပမည့် (၇၇)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲကြီးကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၅ ရက်ထိ ၃၃ ရက်တိုင်တိုင် ရန်ကုန်မြို့၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီးတွင် ကျင်းပမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။ ဖွင့်ပွဲအခမ်းအနားနှင့် စာပြန်ပွဲသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဆရာတော်ကြီး နှစ်ပါး၊ တိပိဋကဓရ တိပိဋကကောဝိဒဩဝါဒါစရိယ ဆရာတော်ကြီး ၁၁ ပါး၊ ပုစ္ဆကဆရာတော် လေးပါး၊ ကြီးကြပ်ရေးဆရာတော် လေးပါး၊ စာထောက်စာမဆရာတော် အပါး ၁၆၀၊ အာဂုံပြန်စာရင်းသွင်းသံဃာအပါး ၂၇၀၊ သဘောရေးဖြေ စာရင်းသွင်းသံဃာ ၂၃၈ ပါး၊ စုစုပေါင်း ၆၈၉ ပါး ကြွရောက်တော်မူကြမည်ဖြစ်ကြောင်း သာသနာရေးဦးစီးဌာနမှ ထုတ်ပြန်ကြေညာချက်အရ သိရပါတယ်။ စာမေးပွဲဖွင့်ပွဲ အခမ်းအနားကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်(အင်္ဂါနေ့) နံနက် ၈ နာရီခွဲတွင် ရန်ကုန်မြို့၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ ဝိဇယမင်္ဂလာဓမ္မသဘင်၌လည်းကောင်း၊ စာပြန်ပွဲကို မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီး၌လည်းကောင်း၊ ဆွမ်းဆက်ကပ်ခြင်းကို သုံးထပ်ဆွမ်းစားဆောင်တွင်လည်းကောင်း ၃၃ ရက် တိုင်တိုင် ကျင်းပမည်ဖြစ်ပြီး လှူဒါန်းလိုသော အလှူရှင်များအနေဖြင့် သာသနာရေးဦးစီးဌာန၊ စာမေးပွဲဌာနခွဲ၊ ကမ္ဘာအေးကုန်းမြေ၊ ရန်ကုန်မြို့ ၀၉၄၃၀၆၇၁၆၈၊ ၀၉၄၄၃၁၉ဝ၁၉၃ တို့သို့ ဆက်သွယ်၍ ထာဝရ ကုသိုလ်ရှင်များအဖြစ် စိုက်ထူလှူဒါန်းနိုင်ကြောင်း အသိပေးနှိုးဆော်ထားပါတယ်။(NVS-004)

02 Nov

ADVERTISE HERE .