တရုတ်ရေတပ်မှ လေယာဉ်တင်သင်္ဘောနှစ်စင်း တောင်တရုတ်ပင်လယ်၌ ပထမဆုံးအကြိမ် ပူးတွဲလေ့ကျင့်

02 Nov

တရုတ်ရေတပ်မှ လေယာဉ်တင်သင်္ဘောနှစ်စင်းသည် တောင်တရုတ်ပင်လယ်ဒေသ၌ ပထမဆုံးအကြိမ် အဖြစ် လေယာဉ်တင်သင်္ဘောနှစ်စင်း ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့သည်ဟု တရုတ်အစိုးရမီဒီယာများက သတင်းထုတ်ပြန်ထားသည်။ အဆိုပါ စစ်ရေးလေ့ကျင့်မှုအတွင်း လျောင်နင်းလေယာဉ်တင်သင်္ဘော၊ ရှန်တုန်းလေယာဉ်တင်သင်္ဘောနှင့် အခြားစစ်သင်္ဘောများ ပါဝင်ခဲ့ကြသည်။ ယင်းစစ်ရေးလေ့ကျင်မှုအတွင်း လျောင်နင်းလေယာဉ်တင်သင်္ဘောနှင့် ရှန်တုန်းလေယာဉ်တင်သင်္ဘောတို့သည် ပင်လယ်ဝါ၊ အရှေ့တရုတ်ပင်လယ်နှင့် တောင်တရုတ်ပင်လယ်များ၌ လှုပ်ရှားရွှေ့ပြောင်းခဲ့ကြောင်း တရုတ်ရေတပ်က သတင်းထုတ်ပြန်ထားသည်။ တရုတ်ရေတပ်သည် လက်ရှိအချိန်တွင် လျောင်နင်းနှင့် ရှန်တုန်း လေယာဉ်တင်သင်္ဘောနှစ်စင်းကို စစ်ရေး လှုပ်ရှားမှုများအတွက် အသုံးချနေပြီး တတိယမြောက်လေယာဉ်တင်သင်္ဘောဖြစ်သည့် ဖူကျန်းလေယာဉ်တင် သင်္ဘောမှာ ပင်လယ်ပြင်စမ်းသပ်မှုများ ပြုလုပ်ဆဲဖြစ်ကြောင်း သိရသည်။

02 Nov

ADVERTISE HERE .