နည်းပြဂွါဒီယိုလာ ရွှေဘောလုံးဆုရှင် ရိုဒရီကို ဂုဏ်ပြုစကား ပြောခဲ့
01 Novအောက်တိုဘာလ ၂၉ ရက်မှာ နည်းပြ ဂွါဒီယိုလာက ၂၀၂၄ ခုနှစ်ရဲ့ ရွှေဘောလုံးဆုရှင်ဖြစ်တဲ့ မန်စီးတီး အသင်းရဲ့ စပိန်ကွင်းလယ်ကစားသမား ရိုဒရီကို ဂုဏ်ပြုစကား ပြောကြားသွားခဲ့ပါတယ်။ ရိုဒရီ ဟာ ရီးရဲလ် မက်ဒရစ်အသင်းရဲ့တောင်ပံကစားသမား ဗီနီစီးယက်စ်ဂျူနီယာကို ကျော်ဖြတ်ကာ ရွှေဘောလုံးဆုကို ရယူနိုင်ခဲ့ တာ ဖြစ်ပါတယ်။ နည်းပြ ဂွါဒီယိုလာက ရိုဒရီ အခုလိုရွှေဘောလုံးဆုရှင် ဖြစ်လာတာကြောင့် ဂုဏ်ယူမိသလို မန်စီးတီးအသင်း သမိုင်းတစ်လျှောက် ရွှေဘောလုံးဆုရတဲ့ ပထမဆုံးကစားသမား ဖြစ်လာတာကြောင့်လည်း ဝမ်းသာမိတယ်လို့ ပြောပါတယ်။ ရိုဒရီ ဒဏ်ရာပြဿနာကြောင့် ရာသီကုန်အထိ အနားယူနေရပေမယ့်လည်း အမြန်ဆုံး ပြန် ကောင်းလာဖို့အတွက် မျှော်လင့်မိတယ်လို့လည်း နည်းပြဂွါဒီယိုလာက ဆက်လက်ပြောကြားခဲ့ပါ သေးတယ်။ ရိုဒရီဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက မန်စီးတီးအသင်းကို ပရီးမီးယားလိဂ် ၄ ကြိမ်မြောက်ရရှိအောင် လုပ်ဆောင် ပေးနိုင်ခဲ့ရာမှာ အဓိကကျတဲ့ ကစားသမားတစ်ယောက်ဖြစ်ခဲ့သလို စပိန်အသင်းနဲ့လည်း ယူရို(၂၀၂၄) ဖလားကို ဆွတ်ခူးပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။(NVS 008)