အသင်းရဲ့ဒဏ်ရာပြဿနာများကို နည်းပြဂွာဒီယိုလာ စိတ်ပျက်နေ

01 Nov

မန်စီးတီးအသင်းရဲ့နည်းပြ ဂွာဒီယိုလာ က အခုဘောလုံးရာသီမှာ ကြုံတွေ့နေရတဲ့ အသင်းရဲ့ ဒဏ်ရာ ပြဿနာတွေအပေါ် စိတ်ပျက်မိတယ်လို့ စပါးအသင်းကိုရှုံးနိမ့်ခဲ့တဲ့ လိဂ်ဖလားပွဲစဉ်အပြီးမှာ ပြောကြားသွားခဲ့ပါ တယ်။ အခုဘောလုံးရာသီမှာ မန်စီးတီးအသင်းဟာ အသင်းရဲ့အဓိက ကစားသမား ရိုဒရီကို ဒဏ်ရာကြောင့် ရာသီ ကုန်ထိ ဆုံးရှုံးထားရတာြဖစ်သလို အသင်းရဲ့ကစားသမားတွေကလည်း ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေကြ ရတာ ဖြစ်ပါတယ်။ စပါးအသင်းနဲ့ကစားခဲ့တဲ့ ပွဲစဉ်မတိုင်မီမှာ သွေးပူလေ့ကျင့်ခန်းပြုလုပ်နေချိန်အတွင်း အကန်ဂျီ ဒဏ်ရာရခဲ့ တာကြောင့် စပါးအသင်းနဲ့ပွဲစဉ်ကို စီနီယာကစားသမား ၆ ယောက်ထိ မပါဝင်ဘဲ ကစားခဲ့ရပါတယ်။ အသင်းရဲ့ အားထားရတဲ့ တောင်ပံကစားသမား ဆာဗင်ဟိုကလည်း စပါး အသင်းနဲ့ပွဲစဉ် ပွဲချိန် ၆၃ မိနစ်မှာ ဒဏ်ရာရခဲ့တာ ကြောင့် လူစားလဲခံခဲ့ရပါတယ်။ စပါးအသင်းနဲ့ ပွဲစဉ် အပြီးမှာ နည်းပြ ဂွါဒီယိုလာ က ပွဲစဉ်တစ်ပွဲတည်းမှာတင် ကစားသမား ၂ ယောက်အထိ ဒဏ်ရာရခဲ့ပြီး အသင်းမှာ ကြံ့ခိုင်မှုပြည့်ဝတဲ့ စီနီယာကစားသမား ၁၃ ယောက်လောက်သာ ရှိတော့တဲ့အတွက် စိတ်ပျက်မိတယ်လို့ ပြောပါတယ်။ နည်းပြဂွာဒီယိုလာက မန်စီးတီးအသင်းကို ကိုင်တွယ်ခဲ့တဲ့ ၉ နှစ်အတွင်း အခုလို မျိုး ဒဏ်ရာပြဿနာတွေ များပြားနေတာကို မကြုံတွေ့ခဲ့ဖူးတာကြောင့် အခက်တွေ့နေရပြီလို့လည်း ဆက်လက် ပြောကြားခဲ့ပါတယ်။(NVS 008)

01 Nov

ADVERTISE HERE .