ဒေါ့မွန်အသင်းက နည်းပြ ဆာဟင် ထုတ်ပယ်ရန် အစီအစဉ်မရှိဟုဆို
01 Novဒေါ့မွန်အသင်းဟာ အခုဘောလုံးရာသီမှာ ရလဒ်ပိုင်းဆိုးရွားနေခဲ့ပေမယ့်လည်း လက်ရှိနည်းပြဖြစ်သူ အသင်းရဲ့ကစားသမား ဟောင်းတစ်ယောက်ဖြစ်တဲ့ ဆာဟင်ကို ရာထူးကနေ ထုတ်ပယ်သွားဖို့အတွက် အစီအစဉ် မရှိသေးဘူးလို့ အောက်တိုဘာလလ ၃၀ ရက် ပြောကြားခဲ့ပါတယ်။ အခုဘောလုံးရာသီမှ ဆာဟင်ဟာ ဒေါ့မွန် အသင်းကို နည်းပြအဖြစ် ကိုင်တွယ်နေခဲ့တာဖြစ်ပြီး နည်းပြဆာဟင်လက်ထက်မှာ ရလဒ်ပိုင်း ဆိုးရွားနေခဲ့ပါတယ်။ ဒေါ့မွန်အားကစားဒါရိုက်တာ ဆီဘက်စတီယန်ခဲလ် က အသင်းရဲ့လက်ရှိရလဒ်တွေအပေါ် စိတ်ပျက်မိပေ မယ့် နည်းပြဆာဟင်ကို ထုတ်ဖို့ စိတ်ကူးမရှိသေးပဲ လက်ရှိရလဒ်ဆိုးတွေကို စည်းစည်းလုံးလုံးနဲ့ ကျော်ဖြတ် သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ အခုအချိန်မှာ သွင်းဂိုးတွေရဖို့ အခက်တွေ့နေပေမယ့်လည်း အရင်ကလိုမျိုး အောင်မြင်မှုရဖို့အတွက် လုပ်ဆောင်နိုင်မယ်လို့ယုံကြည်ကြောင်းကို ဒေါ့မွန်အသင်းရဲ့ အားကစား ဒါရိုက်တာက ဆက်လက် ပြောကြားခဲ့ပါသေးတယ်။ အခုရာသီမှာ ဒေါ့မွန်အသင်းဟာ ဘွန်ဒက်လီဂါ ၈ ပွဲကစားပြီးချိန်မှာ ၄ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၃ ပွဲရှုံး၊ ရမှတ် ၁၃ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့်(၇)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။(NVS 008)