ဂျာမန်တင်းနစ်ကစားသမား ဗီရက်ဗ် ပဲရစ်မာစတာ ၁၆ ဦးအဆင့်ကို တက်ရောက်ခဲ့

01 Nov

ဂျာမနီတင်းနစ်သမား ဗီရက်ဗ်ဟာ ပဲရစ်မာစတာတင်းနစ် အမျိုးသားတစ်ဦးချင်း ပြိုင်ပွဲမှာ ၁၆ ဦးအဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ အောက်တိုဘာလ ၃၀ ရက်က ကစားခဲ့တဲ့ ၃၂ ဦးအဆင့်မှာ ဗီရက်ဗ် ဟာ နယ်သာလန် နိုင်ငံသား ဂရီးစ်ပေါ်နဲ့ ဆုံတွေ့ခဲ့တာဖြစ်ပြီး ပွဲကစားချိန် ၁ နာရီနဲ့ ၃၂ မိနစ်ကြာ ယှဉ်ပြိုင် ခဲ့ကာ ဗီရက်ဗ်က ၇း၆၊၆း၃ ဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့ပြီး နောက်တစ်ဆင့်ကို တက်ရောက်ခွင့်ရသွားခဲ့ပါတယ်။ အသက် ၂၇ နှစ်အရွယ် ဗီရက်ဗ် ဟာ တင်းနစ်ရာသီတစ်ခုအတွင်း အေတီပီ မာစတာ-၁၀၀၀ (ATP Grand Master-1000) အမျိုးအစားပြိုင်ပွဲ ၉ ခု စလုံးမှာ အနိမ့်ဆုံးအဆင့် ၁၆ ဦးအဆင့်သို့ တက်ရောက်နိုင်တဲ့ ပထမဆုံးတင်းနစ်သမား အဖြစ်လည်း မှတ်တမ်း ဝင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့မေလက ဗီရက်ဗ်ဟာ ကစားသမားဘဝ ၆ ခုမြောက် အေတီပီမာစတာချန်ပီယံဆုအဖြစ် ရောမ အိုးပင်းချန်ပီယံဆုကို ရယူထားနိုင်ခဲ့တာဖြစ်ပါတယ်။ ၁၆ ဦးအဆင့်မှာတော့ ဗီရက်ဗ်ဟာ ပြိုင်ဘက်ဟောင်းဖြစ်သူ ပြင်သစ်တင်းနစ်သမား အာသာဖေးစ်နဲ့ ဆက်လက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။(NVS 008)

01 Nov

ADVERTISE HERE .