မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)မှ ဆန်နှင့် ဆန်ကွဲ ပို့ကုန်ရငွေများကို AD ဘဏ်စာရင်း ပြန်လည် ဝင်ရောက်ရေးကို အလေးထား ဆောင်ရွက်ရန် တိုက်တွန်း
01 Novမြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)က ပြည်ပသို့ ဆန်၊ ဆန်ကွဲ ပို့ကုန်တင်ပို့ပြီးပါက ပို့ကုန်ရငွေများကို ပြည်တွင်းရှိ AD ဘဏ်စာရင်းသို့ ED နှင့်အညီပြန်လည်ဝင်ရောက်ရေးကိုအလေးထားဆောင်ရွက်ရန် အောက်တိုဘာ လ ၃၁ ရက်က ထုတ်ပြန်ချက်နဲ့ တိုက်တွန်းထားပါတယ်။ ထို ထုတ်ပြန်ချက်တွင် ဆန်၊ ဆန်ကွဲ ပြည်ပတင်ပို့မည့် ကုမ္ပဏီများ အလေးထားလိုက်နာဆောင်ရွက်ရန် နှင့် ပြည်ပသို့ တင်ပို့မည်ဆိုပါက ကုန်ဝယ်သူ(Buyer)၊ ကုန်လက်ခံနိုင်ငံ၊ အရည်အသွေး၊ သတ်မှတ် စည်းမျဉ်းစည်းကမ်း များကို တိကျစွာလိုက်နာရန် အကြံပြု နှိုးဆော်ထားပါတယ်။ ဒါ့အပြင် ဆန်စပါးဈေးကွက် ဈေးနှုန်း တည်ငြိမ် စေရန်နှင့် သိုလှောင်ဈေးကစားမှုများကို ထိန်းကျောင်းနိုင်ရန် ဆန်စပါးသိုလှောင်ရုံများ မှတ်ပုံတင်ရန်နှင့် လစဉ် လကုန်ပြီး (၇)ရက်အတွင်း ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန် လချုပ်စာရင်းကိုလည်း Myanmar Rice Online (MyRO)၏ Online စနစ်သို့ မပျက်မကွက်စာရင်းသွင်းရန် သတ်မှတ်ထားချက်ကိုလိုက်နာရန်လည်း အသိပေး ထားပါတယ်။ ဆန်၊ ဆန်ကွဲတင်ပို့မည့် ကုမ္ပဏီများအနေဖြင့် ပို့ကုန်လိုင်စင်တင်ပြလျှောက်ထားရာတွင် လိုအပ်ချက် များကို စနစ်တကျ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကာ ပို့ကုန်တင်ပို့မှု အတွက် ကုန်ကြမ်းများ ဝယ်ယူစုဆောင်းရာ မှာ ကုမ္ပဏီတစ်ခုချင်းစီ၏ ပို့ကုန်မူဝါဒနှင့်ကိုက်ညီသော ကုန်ကြမ်းဝယ်ယူစုဆောင်းမည့် ဝယ်ယူခြင်းနှင့် သိုလှောင်ခြင်း အစီအမံ တို့ကိုလည်း စနစ်တကျပြုစုတင်ပြရမည်ဟု နှိုးဆော်ထုတ်ပြန်ထားပါတယ်။ (NVS 008)