“လိဂ်ဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတဲ့ အယ်နာဆာအသင်း”

31 Oct

အောက်တိုဘာလ ၂၉ ရက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ အယ်နာဆာအသင်းနဲ့ အယ်တာဝန်အသင်းတို့ရဲ့ လိဂ်ဖလား (၁၆) သင်း ရှုံးထွက်ပွဲစဉ်မှာ အယ်နာဆာအသင်းက ရှုံးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။ အယ်နာဆာအသင်းဟာ အယ်တာဝန်အသင်းကို အိမ်ကွင်းမှာ ဖိအားပေးကစားနိုင်ခဲ့ပေမယ့် နောက်ကျဂိုးပေး ခဲ့ရတာကြောင့် ၁ ဂိုး၊ ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ရော်နယ်ဒို ဦးဆောင်လာတဲ့ အယ်နာဆာအသင်းရဲ့ ပွဲထွက်စာရင်းမှာ မာနေး ပါဝင်လာခဲ့ခြင်းမရှိပေမယ့် အသင်းရဲ့ အဓိကကစားသမားတွေကို အသုံးပြုလာခဲ့တာကို တွေ့ရပါတယ်။ အခုပွဲစဉ်မှာ အယ်နာဆာအသင်းရဲ့ ဖိအားပေးကစားလာတာကို အယ်တာဝန်အသင်းက ဂိုးမပေးရအောင် အကောင်းဆုံးကစားနိုင်ခဲ့ပြီး အယ်တာဝန် အသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို ပွဲချိန် ၇၁ မိနစ်မှာ အယ်အာမက် က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ပွဲချိန်မိနစ် ၉၀ ပြည့်လို့ နာကျင်အချိန်ပို ၆ မိနစ်မှာ အယ်နာဆာအသင်းက ပင်နယ်တီရခဲ့ပေမယ့် တိုက်စစ်မှူး ရော်နယ်ဒို က ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့တာကြောင့် ပွဲအပြီးမှာ အယ်တာဝမ်အသင်းက အနိုင်ရခဲ့တာဖြစ်ပါတယ်။ အယ်နာဆာအသင်းဟာ ပြီးခဲ့တဲ့ရာသီက လိဂ်ဖလားပြိုင်ပွဲမှာ ဗိုလ်လုပွဲထိ တက်ရောက်နိုင်ခဲ့ပေမယ့် အခုဘောလုံး ရာသီမှာတော့ (၁၆) သင်းရှုံးထွက်အဆင့်မှာတင် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာလည်း ဖြစ်ပါတယ်။ (NVS 008)

31 Oct

ADVERTISE HERE .