“ပဲရစ်မာစတာပြိုင်ပွဲနေ နုတ်ထွက်ခဲ့တဲ့ ဆင်နာ”
31 Octကမ္ဘာ့အဆင့် (၁) အီတလီတင်းနစ်သမား ဆင်နာ ဟာ အစာအိမ်ဗိုင်းရပ်စ်ကြောင့် ကျင်းပနေတဲ့ ပဲရစ်မာစတာ တင်းနစ်ပြိုင်ပွဲကနေ နုတ်ထွက်လိုက်ကြောင်း အောက်တိုဘာလ ၂၉ ရက်က ကြေညာခဲ့ပါတယ်။ အသက် ၂၃ နှစ်အရွယ် ဆင်နာ ဟာ ပြီးခဲ့တဲ့တစ်ပတ်က ဆော်ဒီမှာ ကျင်းပခဲ့တဲ့ နာမည်ကျော် တင်းနစ်သမား ၆ ယောက်ပါဝင်တဲ့ တင်းနစ်သရုပ်ပြပွဲမှာ ပါဝင်ကစားခဲ့ပြီး ဗိုလ်လုပွဲမှာ စပိန်တင်းနစ်သမား အယ်ကာရက်ဇ် ကို အနိုင်ရထားခဲ့တာ ဖြစ်ပါတယ်။ ဆင်နာ ဟာ ပဲရစ်မာစတာပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်မှုတွေ ပြုလုပ်နေခဲ့ပေမယ့် ပထမအဆင့်ပွဲစဉ် ကစားဖို့ ရက်ပိုင်းအလိုမှာပဲ ပြိုင်ပွဲကနေ နုတ်ထွက်သွားခဲ့တာ ဖြစ်ပါတယ်။ ဆင်နာ ရဲ့ နေရာမှာ ပြင်သစ် တင်းနစ်သမား အာသာ ကာဇော့ဇ်ကို အစားထိုးလိုက်တယ်လို့ ပြိုင်ပွဲကျင်းပရေးအဖွဲ့က အတည်ပြုခဲ့ပါတယ်။ (NVS 008)
31 Oct