"ရာသီဥတုပြောင်းလဲမှုကြောင့် အပူချိန်များပြင်းထန်လာဟု ပညာရှင်များပြော"

31 Oct

ရာသီဥတုပြောင်းလဲမှုကြောင့် အပူချိန် များပြင်းထန်လာခြင်းဖြစ်ပြီး ယင်းနှင့် ဆက်စပ်၍ စားနပ်ရိက္ခာများ လည်း ရှားပါးလာရကြောင်း ကျွမ်းကျင်ပညာရှင်များက သတိပေးထားသည်။ ၂၀၂၃ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သော အပူချိန်သည် မှတ်တမ်းတစ်လျှောက် အပူဆုံးသောနှစ်ဖြစ်ပြီး လူများအနေဖြင့် သာမန်ထက်ရက်ပေါင်း ၅၀ အပူဒဏ်ကို ပို၍ခံစားရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အပါအဝင် ကျွမ်းကျင်ပညာရှင်များက အောက်တိုဘာလ ၂၉ ရက်တွင် သတိပေး ထားခြင်းဖြစ်သည်။ အပူချိန်မြင့်တက်မှုဒဏ်ကို အများဆုံးခံစားရပြီး သေဆုံးရသူများမှာ အသက် ၆၅ နှစ်အထက်ရှိသူများ ဖြစ် ကြောင်း၊ ထိုပမာဏသည် ၁၉၉၀ ပြည့်နှစ်အလွန်ကာလများတွင် အလားတူဖြစ်စဉ်ကြောင့် သေဆုံးရသူများထက် ၁၆၇ ရာခိုင်နှုန်း ပိုများလာကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ပြင် အပူချိန်မြင့်တက်မှုများကြောင့် ရောဂါဘယများ တိုးမြင့် ဖြစ်ပေါ်လာကြောင်းနှင့်ပိုးမွှားများလည်းများပြားလာကြောင်း ပညာရှင်များက ပြောထား သည်။ အလားတူ အပူချိန်မြင့်တက်လာသည့် အတွက် စိုက်ပျိုးမြေများသည်လည်း ရေလုံလောက်စွာ မရရှိသော ကြောင့် စားနပ်ရိက္ခာရှားပါးပြတ်လပ်မှုများနှင့်လည်း ရင်ဆိုင်ရခြင်းဖြစ်ကြောင်း ပညာရှင်များက ပြောသည်ဟု TST သတင်းဌာနတွင် ဖော်ပြထားသည်။

31 Oct

ADVERTISE HERE .