“နိုင်ငံတော်အသိအမှတ်ပြုစနစ် တည်ဆောက်မှုမြှင့်တင်ခြင်း” လန်ချန်း-မဲခေါင်စီမံကိန်း သင်တန်းဖွင့်လှစ်”

31 Oct

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ဖွင့်လှစ်သည့် “နိုင်ငံတော်အသိအမှတ်ပြုစနစ် တည်ဆောက်မှုမြှင့်တင်ခြင်း” သင်တန်းဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ ၂၉ ရက်က ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ လန်ချန်း-မဲခေါင်စီမံကိန်းဖြစ်သည့် အဆိုပါသင်တန်းကို မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံတို့မှ သင်တန်းသား၊ သင်တန်းသူ ၃၀ ဦးတက်ရောက်လျက်ရှိပြီး ၎င်းတို့အနက် ၁၅ ဦးကို လက်တွေ့လေ့လာမှုများ ပြုလုပ်နိုင်ရန် တရုတ်နိုင်ငံသို့ စေလွှတ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ ဖွင့်ပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူး Mr. Ouyang Daobing တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ အပါအဝင် လန်ချန်း-မဲခေါင် မိတ်ဖက်နိုင်ငံများနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ခြင်းနှင့် လန်ချန်း-မဲခေါင် နိုင်ငံများ အေးအတူပူအမျှအသိုက်အဝန်းကို တည်ဆောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည့် အခြေအနေများ ကို ပြောကြားခဲ့ပါတယ်။ ဖွင့်ပွဲသို့တက်ရောက်လာသည့် မြန်မာနိုင်ငံ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဖြူဖြူဝင်း ကလည်း သတင်းမှရရှိတဲ့အခွင့်အရေးများကို အသုံးချကာ အဖွဲ့အစည်း စွမ်းရည်မြှင့်တင်ခြင်းနှင့် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။ (NVS 004)

31 Oct

ADVERTISE HERE .