“တိုင်းဒေသကြီးနဲ့ပြည်နယ် ၇ ခုမှာ ဆီထွက်သီးနှံ အထူးဇုန် ၁၂ ဇုန် သတ်မှတ်ဆောင်ရွက်”
31 Octဆီထွက်သီးနှံတွေ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် အထူးဇုန်တွေအဖြစ် တိုင်းဒေသကြီးနဲ့ပြည်နယ် ၇ ခုမှာ ဇုန် ၁၂ ဇုန်အဖြစ် သတ်မှတ်ဆောင်ရွက်နေတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်းမြောင်းဝန်ကြီးဌာနကနေ သိရပါတယ်၊၊ မြန်မာနိုင်ငံမှာ လူဦးရေတိုးတက်လာတာနဲ့အမျှ ဆီစားသုံးမှု များပြားလာသလို ပြည်တွင်းစားသုံးဆီ ထုတ်လုပ်မှုမှာ လုံလောက်မှု မရှိတဲ့အတွက် ပြည်ပကနေ စားအုန်းဆီတွေကို နှစ်စဉ်တင်သွင်းနေရတယ်လို့ ဆိုပါတယ်၊၊ ၂၀၂၄-၂၀၂၅ ခုနှစ်မှာ ဆီထွက်သီးနှံတွေ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် စီမံကိန်းလျာထားချက်အတွင်း မြေပဲ၊ နှမ်း၊ နေကြာ စုစုပေါင်း လျာထားဧက ၇ ဒသမ ၉၅ သန်းရဲ့ ၃၈ ရာခိုင်နှုန်းဖြစ်တဲ့ ဧက ၃ သန်းလျာထားပြီး မြေပဲသီးနှံတစ်ဧက အထွက်နှုန်း ၅၆ တင်း၊ နှမ်း သီးနှံတစ်ဧက အထွက်နှုန်း ၁၂ တင်းနဲ့ နေကြာသီးနှံတစ်ဧက အထွက်နှုန်း ၂၅ တင်းရရှိအောင် စိုက်ပျိုးထုတ်လုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်၊၊ (NVS 004)