“ဘုတလင်မြို့နယ်၌ မိုးသီးနှံနေကြာ စိုက်ပျိုး ၅,၇၁၂ လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်”

30 Oct

စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြိုနယ်၌ မိုးသီးနှံနေကြာ ၅,၇၁၂ ဧက စိုက်ပျိုးပြီးစီး၍ လျာထားဧကထက် ၆ ဧက ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း မြိုနယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါတယ်။ မိုးနေကြာများ စိုက်ပျိုးရာတွင် နေကြာမျိုးများဖြစ်သည့် စပ်မျိုး ၁၊ ဆင်းရွှေကြာ ၂၊ နေကြာမျိုးများကို အထွက်နှုန်း ကောင်းမွန်ရေး၊ မျိုးကောင်းမျိုးသန့်ရရှိရေးတို့အတွက် စံကွက်များ၊ စမ်းသပ်ကွက်များကို စိုက်ပျိုးထားရှိထားပါတယ်။ တောင်သူလယ်သမားများ မိုး‌နေကြာစိုက်ပျိုးရာသီတွင် သီးနှံများအောင်မြင်ဖြစ်ထွန်းရေးအတွက် လိုအပ်သောစိုက်ပျိုး ရေးဆိုင်ရာ နည်းပညာများ၊ သွင်းအားစုများ၊ သီးနှံမျိုးစေ့များ ကူညီထောက်ပံ့ခြင်းများကို တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ အနီးကပ်ကြီးကြပ်လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာခရိုင်၊ မြိုနယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက ကူညီ ထောက်ပံ့ပေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး ပိုးမွှားရောဂါများ ကျရောက်မှုမရှိစေရေး ကြိုတင်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ အဆိုပါ မိုးနေကြာများကို အောက်တိုဘာလ ၁ ရက်မှ စတင်ပြီး ရိတ်သိမ်းလျက်ရှိရာ လက်ရှိအချိန်အထိ ၅,၇၁၂ ဧက ကို ရိတ်သိမ်းပြီးစီးဖြစ်ကာ တစ်ဧက ပျမ်းမျှအထွက်နှုန်း ၂၄ ဒသမ ၃၀ တင်း ထွက်ရှိကြောင်း သိရှိရပါတယ်။(NVS-004)

30 Oct

ADVERTISE HERE .