“ဆင်မြို့တော်၌ စာပေချစ်မြတ်နိုးမှုများ ရှင်သန်ခိုင်မာရေး ပထမအကြိမ်မြောက် ဝတ္ထုတိုပြိုင်ပွဲ ကျင်းပမည်”

30 Oct

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် စာရေးဆရာအသင်းမှ အကြိမ်(၈၀)မြောက် မြန်မာနိုင်ငံစာဆိုတော်နေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြန်မာစာပေ(ဝတ္ထုတို)တိုးတက်ပြန့်ပွားရေး၊ ကျောက်ဆည်မြို့ (ဆင်မြို့တော်)၏ စာပေချစ်မြတ်နိုးမှုများ ရှင်သန်ခိုင်မာရေး ပထမအကြိမ်မြောက် ဆင်မြို့တော်ဝတ္ထုတိုပြိုင်ပွဲ ကျင်းပ၍ ဆုများရွေးချယ်ချီးမြှင့် ပေးအပ်သွားမည်ဖြစ်ကြောင်းသိရပါတယ်။ အဆိုပါ ဝတ္ထုတိုပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် စာပေချစ်မြတ်နိုးသူများအနေနဲ့ ပြိုင်ပွဲဝင်စာပေများ ရေးသားရာ တွင် ဘဝသရုပ်ဖော်နှင့် ရသများပါဝင်စေရန်၊ အေဖိုး စာမျက်နှာ ၃ မျက်နှာမှ ၅ မျက်နှာအတွင်း ရေးသားရန်၊ စာမှုများအား စာလုံးအရွယ်အစား ၁၆ ဖြင့် ကွန်ပျူတာစာစီပြီး ပြိုင်ပွဲဝင်ရန်၊ မိမိနှစ်သက်သောခေါင်းစဉ်ဖြင့် ရေးသားနိုင်ပြီး ကိုယ်တိုင်ရေးစာမူဖြစ်ကြောင်း ဝန်ခံကတိပါရှိရန်၊ မဂ္ဂဇင်း၊ စာစောင်များနှင့် အခြား Online Media စာမျက်နှာများ၊ အခြားပြိုင်ပွဲများတွင် ရွေးချယ်ဖော်ပြခံထားရသော စာမူများမဖြစ်ရန်၊ ကလောင်အမည်၊ အမည်အရင်း၊ မှတ်ပုံတင်အမှတ်၊ ဖုန်းနံပါတ်၊ နေရပ် လိပ်စာအပြည့်အစုံ၊ Email ရှိပါက Email လိပ်စာဖော်ပြခြင်း၊ ပြိုင်ပွဲနှင့်ပတ်သက်ပြီး စိစစ်ရေး ကော်မတီ၏ ဆုံးဖြတ်ချက်သည်အတည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်စာမူများကို ဦးအောင်ကိုကိုဇော်၊ ကျောက်ဆည်မြို့နယ်၊ စာရေးဆရာအသင်း ဥက္ကဋ္ဌ(ကာတွန်းဖောင်းဖောင်း)၊ Kid for Art ပန်းချီသင်တန်း၊ အိမ်အမှတ်- ၁၃၅၊ ကြက်မင်းတွန် ရပ်ကွက်၊ ကျောက်ဆည်မြို့ cartoonphoungphoung [email protected] လိပ်စာများသို့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်မှ ၃၀ ရက်အထိ လက်ခံသွားမှာဖြစ်ပါတယ်။ သတ်မှတ်ရက်ထက်နောက်ကျ၍ ရောက်ရှိလာသော စာမူများကို‌ လက်ခံသွားမည်မဟုတ်ကြောင်း သိရပါတယ်။ ပြိုင်ပွဲဝင်စာမူများကို ဆင်မြို့တော် စာပေဆုရွေးချယ်ရေးအဖွဲ့ဝင်များဖြစ်တဲ့ မွန်းဇူး၊ ကေ(တောင်တန်းပြာ)၊ ရွှေဝင်းညွန့်(ကျောက်ဆည်)၊ သောင်းဝင်း(မြင်းခြံ) စာရေးဆရာတို့မှ စိစစ်ရွေးချယ်ပေးသွားမှာဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်တွင် ဆုရရှိသူများကို ရွေးချယ်ပေးသွားမှာဖြစ်ပြီး ပထမဆုကို ဆုငွေကျပ် ၃ သိန်း၊ ဒုတိယဆုကို ဆုငွေကျပ် ၂ သိန်း၊ တတိယဆုကို ဆုငွေကျပ် ၁ သိန်း၊ နှစ်သိမ့်ဆု ၁/၂ တို့ကို ဆုငွေကျပ် ၅ သောင်းစီဖြင့် အသီးသီး ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ကျောက်ဆည်မြို့၊ စာရေးဆရာအသင်း မှ သိရပါတယ်။ (NVS-004)

30 Oct

ADVERTISE HERE .