“ယခုတစ်ပတ် ONE Friday Fights 85 ပြိုင်ပွဲမှာ မြန်မာဖိုက်တာ သွေးလင်းထက် ယှဉ်ပြိုင်ထိုးသတ်မည်”
30 Oct
ယခုတစ်ပတ်ကျင်းပမယ့် ONE Friday Fights 85 ပြိုင်ပွဲမှာ မြန်မာဖိုက်တာ သွေးလင်းထက် ပါဝင် ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ် ONE Friday Fights 85 ပြိုင်ပွဲကို နိုဝင်ဘာလ ၁ ရက်မှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ လုမ္မဏီအားကစားရုံမှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ အဆိုပါပြိုင်ပွဲတွင် တွဲဆိုင်း ၁၂ ဆိုင်း ပါဝင်မှာဖြစ်ပြီး မြန်မာဖိုက်တာ သွေးလင်းထက် နှင့် ထိုင်းလူငယ်ဖိုက်တာ ဘရာဇီးလ်အမ်အက်ချတ် တို့ရဲ့ပွဲက ပွဲစဉ် ၁၀ မှာ ပါဝင်နေပါတယ်။ သွေးလင်းထက် နှင့် ထိုင်းလူငယ်ဖိုက်တာ ဘရာဇီးလ်အမ်အက်ချတ်တို့က မွေထိုင်းစတောဝိတ်တန်း ၁၂၅ ပေါင်မှာ ယှဉ်ပြိုင်ထိုးသတ်ကြမယ်လို့ သိရပါတယ်။ သွေးလင်းထက်နှင့် ထိုးသတ်မယ့် ထိုင်းလူငယ်ဖိုက်တာ ဘရာဇီးလ်အမ်အက်ချတ် က အသက် ၁၉ နှစ်သာရှိသေးပြီး ONE Friday Fights မှာ သုံးပွဲထိုးသတ်ထားရာ နှစ်ပွဲနိုင်၊ တစ်ပွဲရှုံးနိမ့်ထားပါတယ်။ (NVS 008)
30 Oct