“မဟာဗျူဟာမြောက် နျူကလီးယားလေ့ကျင့်ခန်းလုပ်ဆောင်မည်ဟု ပူတင်ကြေညာ”

30 Oct

ရုရှားတပ်မတော်အနေဖြင့် မဟာဗျူဟာမြောက် နျူကလီးယားလေ့ကျင့်ခန်း လုပ်ဆောင်မည်ဟု သမ္မတ ဗလာဒီမာ ပူတင် က အောက်တိုဘာလ ၂၉ ရက်တွင် ကြေညာသည်။ ထို့ပြင်ထိပ်တန်းတာဝန်ရှိသူများက နျူကလီးယားအမြင့်ပျံ ဒုံးကျည်နှင့်အနိမ့်ပျံဒုံးကျည်ပစ်လွှတ်မှုများဆိုင်ရာ ထိန်းချုပ်မှုကို လေ့လာသုံးသပ်သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ ကရင်မလင်နန်းတော် က ထုတ်ပြန်သည့် ဗီဒီယိုဖိုင်တွင် မဟာဗျူဟာမြောက် ဟန့်တားရေးတပ်ဖွဲ့များ၏ နောက်ထပ်လေ့ကျင့်ခန်းတစ်ခုကို လုပ်ဆောင်သည့်အပြင် အမြင့်ပျံနှင့်အနိမ့်ပျံ ဒုံးကျည်များကို လက်တွေ့ပစ်လွှတ်မှုနှင့်အတူ နျူကလီးယားလက်နက်များ အသုံးပြုမှု ထိန်းသိမ်းရေးအတွက် တာဝန်ရှိသူများက လုပ်ဆောင်သွားမည် ဟု ဖော်ပြထားသည်။ ရုရှားနိုင်ငံအနေဖြင့် မည်သည့်လက်နက်အပြိုင် တပ်ဆင်မှုတွင်မဆို ပါဝင်သွားမည်မဟုတ်သော်လည်း နျူကလီးယားတပ်ဖွဲ့များကို အသုံးပြုမှုအတွက် အမြဲအသင့်ရှိနေရန် လိုအပ်ကြောင်း ပူတင် က ပြောထားသည်ဟု TST သတင်းဌာနတွင် ဖော်ပြထားသည်။

30 Oct

ADVERTISE HERE .