“ပုဂံယဉ်ကျေးမှုနယ်မြေသို့ ပြည်ပခရီးသွား ပိုမိုဝင်ရောက်မည်ဟု ခန့်မှန်းထား”

30 Oct

လာမည့်ခရီးသွားရာသီတွင် ပုဂံယဉ်ကျေးမှုနယ်မြေသို့ ပြည်ပခရီးသွား ပိုမိုဝင်ရောက်မည်ဟု ခန့်မှန်းထားကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ) မှ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် စက်တင်ဘာလ အထိ ပုဂံယဉ်ကျေးမှုနယ်မြေသို့ ပြည်ပခရီးသွား ၁၀,၀၀၀ နီးပါးအထိ ဝင်ရောက်ခဲ့ပြီး ယခုနှစ်တွင်လည်း စက်တင်ဘာလအထိ ၁၀,၀၀၀ ကျော်အထိ ရှိခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ သီတင်းကျွတ်ပွဲတော်ကာလမှာ ပြည်တွင်းပြည်ပခရီးသွားတွေ လာရောက်မှုများပြားခဲ့ပါတယ်။ ဒါကြောင့် လာမယ့် ခရီးသွားကာလမှာ ပုဂံယဉ်ကျေးမှုနယ်မြေကို ပြည်ပခရီးသွား ပိုမိုဝင်ရောက်ဖွယ်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ ခရီးသွားအေဂျင်စီများက ပုဂံခရီးစဉ်အတွက် ပြည်ပခရီးသွားများကို ဝန်ဆောင်မှုပေးရာမှာ ပုပ္ပားတောင်နှင့် ပုပ္ပားတောင်အမျိုးသားဘူမိဥယျာဉ်တို့ကိုပါ တစ်ဆက်တည်း ဝင်ရောက်လည်ပတ်သော ခရီးစဉ်ဒေသများအဖြစ် ဝန်ဆောင်မှုပေးလျက်ရှိတယ်လို့ သိရပါတယ်။ လာမည့်တန်ဆောင်တိုင်ပွဲတော်ကာလတွင်လည်း ခရီးသွားဝင်ရောက်မှု များပြားနိုင်သည့်အတွက် ပုဂံဒေသအတွင်းရှိ ဟိုတယ်၊ တည်းခိုခန်း၊ ဒေသထွက်ကုန်၊ အစားအသောက်နှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများက ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။ (NVS 004)

30 Oct

ADVERTISE HERE .