“ဗဟိုဘဏ်မှ နိုင်ငံခြားငွေများ ထပ်မံရောင်းချပေးခဲ့”
30 Octဗဟိုဘဏ်မှ အောက်တိုဘာလ ၂၈ ရက်မှာ FX Market Online Trading Platform မှတစ်ဆင့် နိုင်ငံခြားငွေ များ ရောင်းချပေးခဲ့တယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဗဟိုဘဏ်မှ အမေရိကန်ဒေါ်လာ ၁၆ သန်းကျော်၊ ထိုင်းဘတ်ငွေ ၁၈ သန်းကျော်နှင့် တရုတ်ယွမ်ငွေ ၁ သန်းကျော် ထပ်မံရောင်းချပေးခဲ့ကာ သီတင်းကျွတ်ရုံးပိတ်ရက်ကာလအပြီး နိုင်ငံခြားငွေများကို ဆက်တိုက် ရောင်းချပေးခဲ့ခြင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လမှစတင်ကာ ဗဟိုဘဏ်အနေဖြင့် ဒေါ်လာများကို သန်းနှင့်ချီအလုံးအရင်း ရောင်းချပေးခဲ့ပြီး ဩဂုတ်လ ၁ ရက်မှ အောက်တိုဘာလ ၂၈ ရက်အထိ သုံးလအတွင်း အမေရိကန်ဒေါ်လာ ၂၃၁ သန်းခွဲကျော်အထိ ရောင်းချပေးထားပြီးဖြစ်သလို ထိုင်းဘတ်ငွေ ၇၇၈ သန်း၊ တရုတ်ယွမ်သန်း ၄၀ နီးပါး ထုတ်ရောင်းပေးခဲ့ကြောင်း စာရင်းများအရ သိရပါတယ်။ ဒါ့အပြင်ယခုဘဏ္ဍာနှစ်ရဲ့ ဧပြီလမှအောက်တိုဘာလအထိ ခုနစ်လကာလအတွင်း စက်သုံးဆီ၊ စားသုံးဆီနှင့် သွင်းကုန် လုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာသန်း ၁,၀၀၀ ကျော် ထုတ်ရောင်းပေးထားကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ထုတ်ပြန်ကြေညာထားပါတယ်။ (NVS 004)