မဇ္စျိမဒေသဗုဒ္ဓဂယာမှာ မဟာကထိန် သင်္ကန်းဆက်ကပ် လှူဒါန်း

30 Oct

(၁၆) ကြိမ်မြောက်(သောဠသမအကြိမ်) ဗုဒ္ဓဂယာမဟာကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို အောက်တိုဘာ လ ၂၇ ရက်မှာကျင်းပခဲ့ပါတယ်။ အိန္ဒိယနိုင်ငံ၊ မဇ္စျိမဒေသဗုဒ္ဓဂယာမှာ မဟာကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအစိုးရမှ နှစ်စဉ်ကျင်းပလျက်ရှိရာ ယခု (၁၆) ကြိမ်မြောက် (သောဠသမအကြိမ်) ဗုဒ္ဓဂယာမဟာကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်မှာ အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်၊ ဂယာမြို့၊ မြန်မာဘုန်းတော်ကြီးကျောင်းမှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အခမ်းအနားကို အိန္ဒိယနိုင်ငံမှာ သီတင်းသုံးနေကြသော မြန်မာဘုန်းတော်ကြီးကျောင်းများမှ ကျောင်းထိုင် ဆရာတော်ကြီးများနှင့် သံဃာတော်များ၊ ကိုရင်များ၊ သီလရှင်များနှင့် တက္ကသိုလ်အသီးသီးမှာ ပညာသင်ကြားနေသော သံဃာတော်များ/သီလရှင်များကို လှူဖွယ်ဝတ္ထုနှင့် မဟာဘုံကထိန်သင်္ကန်းများ ဆက်ကပ်လှူဒါန်းပြီး နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြတယ်လို့ သိရပါတယ်။ အဆိုပါမဟာကထိန် အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ မြန်မာသံရုံး၊ နယူးဒေလီမြို့မှ သံအမတ်ကြီး ဦးဇော်ဦးအပါအဝင် အခြားတာဝန်ရှိသူများ တတ်ရောက်ခဲ့ကြကြောင်း သိရပါတယ်။ (NVS 004)

30 Oct

ADVERTISE HERE .