“သီတဂူကေတုမတီဗုဒ္ဓတက္ကသိုလ်မှာ မျက်စိဝေဒနာရှင်များကို တစ်ရက် လူဦးရေ ၂၅၀ ခန့် ကုသပေး”

30 Oct

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ကေတုမတီမြို့သစ်ရှိ သီတဂူကေတုမတီ ဗုဒ္ဓတက္ကသိုလ် အာယုဒါန ဆေးရုံတော်မှာ မျက်စိဝေဒနာရှင်များကို တစ်ရက်လူဦးရေ ၂၅၀ ခန့် ကုသပေးလျက်ရှိတယ်လို့ သိရပါတယ်။ အဆိုပါကေတုမတီမြို့သစ်ရှိ သီတဂူကေတုမတီဗုဒ္ဓတက္ကသိုလ် အာယုဒါနဆေးရုံတော်က ရွှေကျင်သာသနာပိုင် သီတဂူ ဆရာတော်ကြီး၏ ဆေးရုံတော် ၄၃ ခုအနက် ၃၇ ခုမြောက် ဆေးရုံတော်ဖြစ်ပါတယ်။ အဆိုပါဆေးရုံမှာ မျက်စိဝေဒနာရှင်များကို အောက်တိုဘာလ ၂၀ ရက်မှ ၃၀ ရက်အထိ တစ်နေ့လူဦးရေ ၂၅၀ ခန့်နဲ့ မျက်စိအထူးကု ဆရာဝန်ကြီးများ၊ ပါရဂူများ၊ ဆရာဝန်များ၊ တပ်မတော်သားပါရဂူများ၊ ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများက မျက်စိစမ်းသပ် စစ်ဆေးပေးခြင်း၊ လေဆာပစ်ခြင်း၊ ခွဲစိတ်ကုသခြင်း၊ မျက်စိတိမ်များ ခြစ်ထုတ်ခြင်းနှင့် မျက်လုံး အစားထိုးကုသခြင်းများကို ကုသပေးလျက်ရှိတယ်လို့ သိရပါတယ်။ (NVS 004)

30 Oct

ADVERTISE HERE .