“နိုဝင်ဘာလမှာ ကုန်သေတ္တာတင်ယာဉ် ၅၇ စင်းဝင်ရောက်ဆိုက်ကပ်မည်”

30 Oct

ပြည်တွင်းသို့ ယခုနှစ် ဆယ်လတာကာလအတွင်း ပြည်တွင်းသို့ နိုင်ငံတကာကုန်သေတ္တာတင်ယာဉ် ၅၁၆ စင်း ဝင်ရောက်ဆိုက်ကပ်ခဲ့ပြီး လာမည့် နိုဝင်ဘာလတွင် ကုန်သေတ္တာတင်ယာဉ် ၅၇ စင်း ထပ်မံဝင်ရောက်ဆိုက်ကပ်မှာ ဖြစ်တယ်လို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ကနေ သိရပါတယ်။ ဇန်နဝါရီလတွင် ၄၉ စင်း၊ ဖေဖော်ဝါရီလတွင် ၅၃ စင်း ၊မတ်လတွင် ၅၅ စင်း၊ ဧပြီလတွင်လည်း ၅၀ စင်း၊ မေလတွင် ၅၂ စင်း၊ ဇွန်လတွင် ၅၀ စင်း၊ ဇူလိုင်လတွင် ၅၀ စင်း၊ ဩဂုတ်လတွင် ၅၀ စင်း၊ စက်တင်ဘာလတွင် ၅၅ စင်း၊ အောက်တိုဘာလတွင် ၅၂ စင်းဝင်ရောက်ဆိုက်ကပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလကုန် အထိ တစ်နှစ်တာကာလအတွင်း ရန်ကုန်ဆိပ်ကမ်းများသို့ နိုင်ငံတကာ သင်္ဘောလိုင်းများမှ ကုန်သေတ္တာတင်သင်္ဘော ၆၄၅ စင်း ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန်ဆိပ်ကမ်းဧရိယာတွင် အပြည်ပြည်ဆိုင်ရာရေယာဉ်ကြီးများဆိုက်ကပ်နိုင်တဲ့ ဆိပ်ကမ်းတံတား ၂၇ စင်း၊ ရန်ကုန်သီလဝါအပြင်ဆိပ်ကမ်းဧရိယာမှာ ဆိပ်ကမ်းတံတား ၁၉ စင်း စုစုပေါင်း ၄၆ စင်းနဲ့ ဝန်ဆောင်မှုပေးနေခြင်း ဖြစ်ပါတယ်။ (NVS 004)

30 Oct

ADVERTISE HERE .