သကြားမုန်လာရဲ့ ကျန်းမာရေး ကောင်းကျိုးတွေ
29 Octဒီနေ့ည ၈နာရီမှာတော့ Novel Star Pageရဲ့ ကျန်းမာရေးကဏ္ဍကနေ သကြားမုန်လာရဲ့ ကျန်းမာရေး ကောင်းကျိုးတွေ အကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ အမျှင်ဓာတ်များတဲ့ သကြားမုန်လာ အစွမ်းကြောင့် ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်သလို ကိုယ်တွင်း ခန္ဓာကိုယ် အစိတ်အပိုင်းတွေရဲ့ လုပ်ဆောင်ချက်ကို ကောင်းမွန်စေပါတယ်။ အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေပြီး ကိုယ်အလေးချိန် တက်ခြင်းကိုလည်း လျော့ချပေးနိုင်ပါတယ်။ အမြင်အာရုံကောင်းစေရုံမျှမက ခံတွင်း အနံ့ဆိုးခြင်းကိုပါ ပျောက်ကင်း စေပါတယ်။ သကြားမုန်လာရဲ့နောက်ထပ်ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့ ကိုယ်တွင်း လှည့်ပတ်စီးဆင်းနေတဲ့ သွေးတွေကို သန့်စင်ပေးနိုင်သလို အသားရေကြည်လည်စေပြီး အရေပြား ပြဿနာတွေကို သက်သာပျောက်ကင်း စေပါတယ်။ ဦးနှောက်စွမ်းရည် မြင့်တက်စေလို့ အသက်ကြီးလာတဲ့အခါ ဖြစ်တတ်တဲ့ အတိတ်မေ့ရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါသေးတယ်။ သကြားမုန်လာအမြစ်မှာ လိုအပ်တဲ့ သံဓာတ် အပြည့်အဝ ပါဝင်နေလို့ ဖျော်ရည်အဖြစ် နေ့စဉ်သောက်သုံးတာပဲ ဖြစ်ဖြစ်၊ ဒီအတိုင်း ဟင်းထဲ ထည့်စားမယ်ဆိုရင်လည်း အသက်ရှု လမ်းကြောင်းဆိုင်ရာ ရောဂါတွေမဖြစ်အောင် ကာကွယ်ထားရာ ရောက်လို့ ပုံမှန်စားပေးဖို့ တိုက်တွန်းချင်ပါတယ်။ (NVS 003)