“၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ရော်ဘာတန်ချိန် ၃၂၀,၀၀၀ ကျော် တင်ပို့ရန်လျာထား”
29 Octယခုနှစ် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ရော်ဘာတန်ချိန် ၃၂၀,၀၀၀ ကျော်ကိုတင်ပို့ရန် လျာထား ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရော်ဘာစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။ ထိုကဲ့သို့တင်ပို့ရာတွင် ၂၀၂၄ ခုနှစ်၊ ဧပြီလ မှ ၂၀၂၅ ခုနှစ်၊ မတ်လအတွင်း ရော်ဘာတန်ချိန် ၃၂၆,၀၀၀ အထိ တင်ပို့သွားမှာဖြစ်ပါတယ်။ ယခုနှစ်အတွင်းမှာ ကမ္ဘာတစ်ဝန်း ရာသီဥတုအခြေအနေများကြောင့် ရော်ဘာအထွက်နှုန်း လျော့ကျနေသည့် အတွက် ဈေးကွက်လိုအပ်ချက်အရ ဈေးကောင်းရနေသလို လက်ရှိမှာလည်း ပြည်ပနိုင်ငံတချို့ရှိ တာယာစက်ရုံကြီးများမှ ကုန်ကြမ်းရရှိရန် ရော်ဘာဝယ်ယူမှုများရှိနေပါတယ်။ ပြည်တွင်းမှာ ရော်ဘာစိုက်ပျိုးဧက တစ်သန်းခြောက်သိန်းလေးသောင်းကျော်အထိရှိပြီး ပြည်တွင်းရော်ဘာ ထွက်ရှိမှု၏ ၉၀ ရာခိုင်နှုန်းကျော်ကို ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိပါတယ်။ ရော်ဘာကုန်ကြမ်းများကို ရန်ကုန်တိုင်း ဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးရှိ လူသုံးကုန်ပစ္စည်းထုတ်လုပ်တဲ့ စက်ရုံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရပါတယ်။ (NVS-004)