ကုန်ဈေးနှုန်းသတင်း ၂၉.၁၀.၂၀၂၄
29 Octအောက်တိုဘာလ ၂၉ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲနဲ့ ကြက်သွန်နီဈေးတွေ ဆက်တိုက်ကျဆင်းနေပေမယ့် ပဲစင်းငုံနီနဲ့ ပြောင်းဆန်ဈေးကတော့ အနည်းငယ် တက်လာပါတယ်။ စားတော်ပဲနဲ့ ထောပတ်ပဲဈေးတွေကတော့ အနည်းငယ် ကျဆင်းနေပါတယ်။ ကြက်သွန်ဖြူဈေး အနည်းငယ် တက်လာပြီး ထန်းလျက်နဲ့ သကြားဈေးတွေကတော့ ဈေးငြိမ်နေပါတယ်။ မတ်ပဲ(FAQ/RC) တစ်တင်းကို ၁၂၀,၆၉၆ ကျပ်၊ မတ်ပဲ(SQ/RC) တစ်တင်းကို ၁၃၃,၇၁၄ ကျပ်၊ မတ်ပဲ (Raw) တစ်ပိဿာကို ၆,၂၄၀ ကျပ်ကနေ ၆,၂၇၅ ကျပ်၊ ပဲစင်းငုံနီ တစ်တင်းကို ၁၃၅,၀၀၀ ကျပ်၊ ပဲတီစိမ်း တစ်ပိဿာကို ၄,၃၃၀ ကျပ်ကနေ ၆,၁၈၅ ကျပ်၊ ပဲလွန်းဖြူ တစ်ပိဿာကို ၄,၆၆၅ ကျပ်ကနေ ၅,၀၀၀ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၃,၃၃၀ ကျပ်ကနေ ၃,၅၀၀ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၅၂၀ ကျပ်ကနေ ၁,၅၄၀ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၅,၆၆၅ ကျပ်ကနေ ၅,၈၃၅ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာကို ၆,၁၄၀ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၄,၃၄၅ ကျပ်ကနေ ၅,၆၆၅ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၆,၇၀၀ ကျပ်ကနေ ၇,၀၀၀ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၇,၀၀၀ ကျပ်ကနေ ၇,၆၇၀ ကျပ်၊ ပဲပုပ်မြစ်ဝကျွန်းပေါ်(ဆီတိုး/အထွက်တိုး) တစ်ပိဿာကို ၇,၀၀၀ ကျပ်ကနေ ၇,၅၀၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာကို ၂,၉၀၀ ကျပ်ကနေ ၅,၀၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာကို ၁၃,၀၀၀ ကျပ်ကနေ ၁၆,၅၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၄,၉၀၀ ကျပ်ကနေ ၇,၀၀၀ ကျပ်၊ သကြား တစ်ပိဿာ ကို ၄,၈၀၀ ကျပ်ကနေ ၅,၁၀၀ ကျပ်၊ မန်ကျည်းသီး တစ်ပိဿာကို ၃,၃၀၀ ကျပ်ကနေ ၁၀,၀၀၀ ကျပ်၊ အာလူး တစ်ပိဿာကို ၇,၀၀၀ ကျပ်၊ ငါးနှပ်ချို တစ်ပိဿာကို ၁၂,၀၀၀ ကျပ်၊ ငါးမြွေထိုး တစ်ပိဿာကို ၄၀,၀၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB)၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၆ ကျပ်နဲ့ စင်ကာပူ တစ်ဒေါ်လာကို မြန်မာငွေ ၁,၅၉၁ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက်ဈေးအရ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၄,၆၅၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၃,၄၅၀ ကျပ် ဖြစ်နေပါတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၃,၀၈၀ ကျပ်၊ မန္တလေးမှာ ၃,၁၆၀ ကျပ်၊ နေပြည်တော်မှာ ၃,၁၃၅ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၃,၂၉၀ ကျပ်၊ မန္တလေးမှာ ၃,၃၇၀ ကျပ်၊ နေပြည်တော်မှာ ၃,၃၄၅ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၆၁၅ ကျပ်၊ မန္တလေးမှာ ၂,၆၉၅ ကျပ်၊ နေပြည်တော်မှာ ၂,၆၇၀ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၃,၂၆၀ ကျပ်၊ မန္တလေးမှာ ၃,၃၄၀ ကျပ်၊ နေပြည်တော်မှာ ၃,၃၂၀ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၅,၆၂၉,၁၀၅/-) ငါးဆယ် ခြောက်သိန်း နှစ်သောင်း ကိုးထောင် တစ်ရာ ငါးကျပ် ရှိပြီး ပြင်ပပေါက်ဈေးမှာ ကျပ်သိန်း (၆,၅၅၀၀,၀၀၀ိ/-) ခြောက်ဆယ် ခြောက်သိန်း ရှိနေတယ်လို့ သိရပါတယ်။