“ဂိုး ၅၀ ပြည့်သွင်းယူနိုင်တဲ့ အသက်အငယ်ဆုံး အာဆင်နယ်ကစားသမားဖြစ်လာခဲ့တဲ့ ဆာကာ”

29 Oct

အာဆင်နယ်အသင်းရဲ့ တိုက်စစ်ကစားသမား ဆာကာ အနေနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဂိုး ၅၀ ပြည့် သွင်းယူ နိုင်ခဲ့တဲ့ အသက်အငယ်ဆုံး အာဆင်နယ်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တယ်လို့ သိရပါတယ်။ ဆာကာ ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ အာဆင်နယ်အသင်းနှင့် လီဗာပူးလ် အသင်းတို့ပွဲစဉ်မှာ ပရီးမီးယားလိဂ်ဂိုး ၅၀ ပြည့်သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါပွဲစဉ်မှာ ဆာကာ ရဲ့ အသက်မှာ ၂၃ နှစ် ၅၂ ရက်ဖြစ်တဲ့အတွက် တိုက်စစ်မှူးဟောင်း အွန်နရီ ရဲ့ ၂၄ နှစ် ၁၂၈ ရက် စံချိန်ကို ကျော်ဖြတ်ကာ အသက်အငယ်ဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တာ ဖြစ်ပါတယ်။ ဆာကာ အနေနဲ့ အချိန်ကာလအားဖြင့် ၆ နှစ် နီးပါးမှာ ၁၇၈ ပွဲကစားပြီး ပရီးမီးယားလိဂ်သွင်းဂိုး ၅၀ ပြည့် သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ (NVS 008)

29 Oct

ADVERTISE HERE .