“တန်ဟတ် ကို နည်းပြအဖြစ်မှ ထုတ်ပယ်ခဲ့တဲ့ မန်ယူအသင်း”
29 Octမန်ယူအသင်းဟာ အခုဘောလုံးရာသီအစမှာပင် ရလဒ်ပိုင်းဆိုးရွားလာခဲ့တာကြောင့် အသင်းရဲ့နည်းပြ တန်ဟတ် ကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း တရားဝင်ကြေညာသွားခဲ့ပါတယ်။ မန်ယူအသင်းရဲ့ တာဝန် ရှိသူတွေဟာ ဝက်စ်ဟမ်းအသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာ နည်းပြ တန်ဟတ် ရဲ့အနာဂတ်ကို ဆွေးနွေးခဲ့ကြပြီး ထုတ်ပယ်ဖို့ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ မန်ယူအသင်းဟာ အခုဘောလုံးရာသီ ပရီးမီးယားလိဂ် ၉ ပွဲကစားပြီးချိန်မှာ ၃ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၄ ပွဲရှုံးနိမ့်ခဲ့ပြီး အမှတ်ပေးဇယားရဲ့ အဆင့်(၁၄)နေရာမှာ ရပ်တည်နေပါတယ်။ ဒါ့အပြင် ယူရိုပါလိဂ်မှာလည်း နိုင်ပွဲမရသေးပဲ အဆင့် (၂၁)ကိုရောက်နေပါတယ်။ အခုဘောလုံးရာသီက မန်ယူအသင်းရဲ့သမိုင်းတစ်လျှောက်လုံးမှာ အဆိုးရွားဆုံးရာသီဖြစ်ခဲ့ပေမယ့်လည်း နည်းပြ တန်ဟတ် ဟာ မန်ယူအသင်းကို ကိုင်တွယ်ခဲ့တဲ့ ၂ နှစ်အတွင်းမှာ အက်ဖ်အေဖလားနဲ့ လိဂ်ဖလားတို့ကို အသင်းအတွက် ရယူပေးနိုင်ခဲ့ပါတယ်။ (NVS 008)