“တိုကျိုအိုးပင်းချန်ပီယံဆုကိုရရှိခဲ့တဲ့ တရုတ်တင်းနစ်မယ် ကျန်ကွင်းဝမ်”
29 Oct၂၀၂၄ တိုကျိုအိုးပင်းတင်းနစ် အမျိုးသမီးတစ်ဦးချင်း ဗိုလ်လုပွဲမှာ တရုတ်တင်းနစ်မယ် ကျန်ကွင်းဝမ် အနိုင်ရပြီး ချန်ပီယံဆုကို ရရှိသွားခဲ့ပါတယ်။ အောက်တိုဘာလ ၂၇ ရက်က ယှဉ်ပြိုင်ခဲ့တဲ့ ဗိုလ်လုပွဲစဉ်မှာ ကျန်ကွင်းဝမ် နဲ့ အမေရိကန်တင်းနစ်မယ် ကီနင် တို့ ဆုံတွေ့ခဲ့တာ ဖြစ်ပါတယ်။ ကျန်ကွင်ဝမ်နဲ့ ကီနင် တို့ဗိုလ်လုပွဲစဉ်က အကြိတ် အနယ်ရှိခဲ့သလို ပွဲကစားချိန် ၂ နာရီနီးပါးကစားခဲ့ပြီး ကျန်ကွင်းဝမ် က ကီနင် ကို ၇း၆၊ ၆း၃ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီး တိုကျိုအိုးပင်း ချန်ပီယံဆုကို ရယူသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၂ နှစ်အရွယ် ကျန်ကွင်းဝမ်အတွက်တော့ ပါလာမိုအိုးပင်းနဲ့ တိုကျို အိုလံပစ် ချန်ပီယံဆုရရှိပြီးနောက် ၂၀၂၄ ခုနှစ်အတွင်း တတိယမြောက်ချန်ပီယံဆု ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ အခုပြိုင်ပွဲမှာ အနိုင်ရခဲ့လို့ ကျန်ကွင်းဝမ် အနေနဲ့ ရာသီပိတ်ပွဲစဉ်ဖြစ်တဲ့ WTA ဖိုင်နယ်ပွဲစဉ်မှာ ပါဝင်ခွင့်ရဖို့အတွက် အခွင့်အရေး ပိုမိုကောင်းမွန်သွားခဲ့တာ ဖြစ်ပါတယ်။ (NVS 008)