“တောင်ကြီးတန်ဆောင်တိုင်ပွဲတော်မှာ ညမီးကျည် ၂၆ လုံး၊ စိန်နားပန် ၂၄ လုံးနှင့် နေ့လွှတ်မီးပုံးပျံ ၁၀၀ ကျော် လွှတ်တင်မည်”

29 Oct

၂၀၂၄ ခုနှစ်မှာ ကျင်းပပြုလုပ်မယ့် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်မှာ ညမီးကျည် ၂၆ လုံး၊ စိန်နားပန် ၂၄ လုံးနှင့် နေ့လွှတ်မီးပုံးပျံ ၁၀၀ ကျော် လွှတ်တင်သွားမယ်လို့ ရှမ်းပြည်နယ်တောင်ပိုင်း ရိုးရာမီးပုံးပျံ ပညာရှင်များအသင်းထံမှ သိရပါတယ်။ တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို နိုဝင်ဘာလ ၉ ရက်မှ ၁၅ ရက်အထိ တောင်ကြီးမြို့အဝေရာ မီးပုံးပျံကွင်းမှာ ကျင်းပပြုလုပ်မှာဖြစ်ပြီ လွှတ်တင်မယ့် မီးပုံးပျံများကို ရိုးရာဓလေ့ပေါ်လွင်အောင် အလှအပများ၊ မီးရှူး မီးပန်းများ ပစ်ဖောက်ခြင်းများကို သက်ဆိုင်ရာမီးပုံးပျံအဖွဲ့အလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိပါတယ်။ တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်တွင် ပြခန်းများ၊ ပျော်ပွဲရွှင်ပွဲများ၊ ဈေးဆိုင်များ၊ ရက်ကန်းပြိုင်ပွဲနှင့် တေးဂီတဖျော်ဖြေပွဲများ ထည့်သွင်းဆောင်ရွက်မယ့်အပြင် ရောင်စုံဓာတ်ပုံပြိုင်ပွဲကိုလည်း ထည့်သွင်းကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ (NVS- 004)

29 Oct

ADVERTISE HERE .