“23 INDIA INTERNATIONAL MEGA TRADE FAIR (IIMTF)တွင် ပါဝင်ပြသရန် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင် များအား ဖိတ်ခေါ်”
29 Oct(၂၃) ကြိမ်မြောက် အိန္ဒိယနိုင်ငံ၊ အပြည်ပြည်ဆိုင်ရာမီဂါကုန်စည်ပြပွဲ (23 INDIA INTERNATIONAL MEGA TRADE FAIR-IIMTF) တွင် ပါဝင်ပြသရန် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များအား ဖိတ်ခေါ်ထားကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ သိရပါတယ်။ အဆိုပါကုန်စည်ပြပွဲကို အိန္ဒိယနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် G.S Marketing Associates တို့ ပူးပေါင်းကာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၆ ရက်အထိ အိန္ဒိယနိုင်ငံ ကိုးလ်ကတ္တားမြို့ သိပ္ပံမြို့တော်မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အဆိုပါပြပွဲမှာ လူသုံးကုန်ပစ္စည်းများ၊ အလှကုန်များ၊ စားသောက်ကုန်များ၊ အဝတ်အထည်များ၊ အထည် အလိပ်များ၊ အိမ်အသုံးအဆောင်ပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ လက်ဝတ်ရတနာများနှင့် စက်ပစ္စည်းများ စတဲ့ ကုန်ပစ္စည်းမျိုးစုံကို နိုင်ငံပေါင်း ၁၈ နိုင်ငံခန့်မှ ကုမ္ပဏီလုပ်ငန်းများက ပြခန်းများဖွင့်လှစ်ကာ ပါဝင်ပြသသွားမှာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံအပြည်ပြည်ဆိုင်ရာ မီဂါကုန်စည်ပြပွဲမှာ ပါဝင်ပြသလိုတဲ့ မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ အနေနဲ့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ ဖုန်း ဝ၆၇-၄၀၈၆၂၂ နှင့် event.td. [email protected] သို့ ဆက်သွယ်စုံစမ်းနိုင်တယ်လို့ သိရပါတယ်။ (NVS- 004)