“အပြန်အလှန်သွင်းဂိုးတွေနဲ့ သရေတစ်မှတ်စီ ခွဲယူခဲ့တဲ့ အာဆင်နယ်အသင်းနှင့် လီဗာပူးလ်အသင်း”
28 Oct
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ရဲ့ ပွဲကောင်းတစ်ပွဲဖြစ်တဲ့ အာဆင်နယ်အသင်းနဲ့ လီဗာပူးလ်အသင်းတို့ ပွဲစဉ်မှာ တစ်ဖက် ၂ ဂိုးစီနဲ့ သရေရလဒ်ဖြစ်ပေါ်ခဲ့ပါတယ်။ အခုပွဲစဉ်မှာ အိမ်ရှင် အာဆင်နယ်အသင်းအတွက် ဦးဆောင်ဂိုးကို ပွဲချိန် ၈ မိနစ်မှာ ဆာကာ က သွင်းယူနိုင်ခဲ့ပြီး လီဗာပူးလ်အသင်းအတွက် ပွဲချိန် ၁၈ မိနစ်မှာ ဗန်ဒိုက် က ချေပဂိုးကိုသွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ပွဲချိန် ၄၃ မိနစ်မှာတော့ မယ်ရီနို ရဲ့ သွင်းဂိုးဖြင့် အာဆင်နယ်အသင်းက ဒုတိယပိုင်းမိနစ် ၈၀ အထိ ဦးဆောင်နိုင်ခဲ့ပါတယ်။ လီဗာပူးလ်အသင်းအတွက် ချေပဂိုးကို ပွဲချိန် ၈၁ မိနစ်မှာ ဆာလာ က သွင်းယူပေးနိုင်ခဲ့တာကြောင့် သရေရလဒ် ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ အခုပွဲစဉ်ကြောင့်အာဆင်နယ်ဟာ ဇယားထိပ်ဆုံးမှ မန်စီးတီးအသင်းနဲ့ ငါးမှတ်၊ ဒုတိယနေရာမှ လီဗာပူးလ်အသင်းနဲ့ လေးမှတ် ကွာဟသွားခဲ့ပါတယ်။ (NVS 008)
28 Oct