“ဖိလစ်ပိုင်၌ မုန်တိုင်း ထရမ်မီ ကြောင့် သေဆုံးသူ ၁၀၀ ကျော်ထိ မြင့်တက်လာ"

28 Oct

ဖိလစ်ပိုင်နိုင်ငံ၌ မုန်တိုင်း ထရမ်မီ ဝင်ရောက်တိုက်ခိုက်သွားမှုကြောင့် သေဆုံးသူ စုစုပေါင်း ၁၀၀ ကျော်ထိ မြင့်တက်လာပြီဖြစ်ကြောင်းနှင့် ကယ်ဆယ်ရေးသမားများက ရေကန်တစ်ခုအတွင်းဆင်း၍ ပျောက်ဆုံးနေသူ ဒါဇင် ပေါင်းများစွာကို ရှာဖွေနေဆဲဖြစ်သောကြောင့် သေဆုံးသူအရေအတွက် ဆက်လက်မြင့်တက်လာနိုင်ဖွယ်ရှိ ကြောင်း တာဝန်ရှိသူများက အောက်တိုဘာလ ၂၇ ရက်တွင် ပြောသည်။ မုန်တိုင်း ထရမ်မီ က ဖိလစ်ပိုင်နိုင်ငံသို့ အောက်တိုဘာလ ၂၄ ရက်တွင် ‌ဝင်ရောက်တိုက်ခတ်သွားခြင်းဖြစ်ပြီး ယင်းမုန်တိုင်းသည် ယခုနှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံတွင် လူသေဆုံးမှု အများဆုံးသောမုန်တိုင်းတစ်ခု ဖြစ်သည်။ မုန်တိုင်းကြောင့် ဖြစ်ပေါ်လာသော ရေကြီးမှုများကြောင့် ရွှေ့ပြောင်းနေထိုင်ရသူ ၅၆၀,၀၀၀ ခန့် ရှိကြောင်း၊ အချို့သောနေရာများတွင် ရွာလုံးကျွတ် ရေလွှမ်းမိုးခံရသည်များ ရှိကြောင်း၊ နိုင်ငံတစ်ဝန်းတွင် ပျောက်ဆုံးနေသူ အယောက် ၃၀ ကျော် ရှိနေသေးကြောင်း ကယ်ဆယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်ဟု RTA သတင်းဌာနတွင် ဖော်ပြထားသည်။

28 Oct

ADVERTISE HERE .