အသင်းမှထွက်ခွာဖို့ ပြင်ဆင်နေတဲ့ ရပ်ရှ်ဖို့ဒ်
27 Octမန်ယူအသင်း တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ် ဟာ အသင်းမှထွက်ခွာရန် ဆန္ဒရှိနေပြီး လာမည့်ဇန်နဝါရီတွင် ကမ်းလှမ်းမှုများကို လက်ခံစဉ်းစားသွားဖွယ်ရှိကြောင်း သိရပါတယ်။ ရပ်ရှ်ဖို့ဒ် အနေနဲ့ မန်ယူအသင်းတွင် ပုံမှန်ခြေစွမ်း ပြနိုင်ခြင်းမရှိလို့ ဝေဖန်မှုများနဲ့ ရင်ဆိုင်နေရပြီး အသင်းပြောင်းရွှေ့သင့်ကြောင်း အကြံပြုမှုများလည်း ရှိလာခဲ့ပါတယ်။ ရပ်ရှ်ဖို့ဒ် ကို ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းအချို့အပြင် ပြည်ပကလပ်အသင်းအချို့ကလည်း ခေါ်ယူရန် စိတ်ဝင်စားနေတာဖြစ်ပါတယ်။ ရပ်ရှ်ဖို့ဒ် အနေနဲ့ အသင်းပြောင်းရွှေ့ရန်အတွက် မန်ယူအသင်းတာဝန်ရှိသူများထံ တရားဝင်တောင်းဆို သွားမည်ဖြစ်ပြီး လာမည့်ဇန်နဝါရီအပြောင်းအရွှေ့တွင် ကမ်းလှမ်းမှုများကို လက်ခံစဉ်းစားဖွယ် ရှိကြောင်း ဗြိတိန်မီဒီယာအချို့က ဖော်ပြခဲ့ပါတယ်။ အင်္ဂလန်လက်ရွေးစင်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ် ဟာ မန်ယူအကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပြီး ပရော်ဖက်ရှင်နယ်ကစားသမားဘဝတစ်လျှောက် မန်ယူအသင်းတစ်သင်းတည်းတွင်သာ ကစားနေသူဖြစ်ပါတယ်။ မန်ယူအသင်းနှင့် ချုပ်ဆိုထားတဲ့ စာချုပ်မှာ ၂၀၂၈ ခုနှစ်အထိ သက်တမ်းရှိနေပြီး ၎င်းအား ခေါ်ယူရန် အာဆင်နယ်၊ အက်စတွန်ဗီလာ၊ PSG၊ နာပိုလီနှင့် မာဆေးလ်အသင်းတို့က စိတ်ဝင်စားနေကြောင်း သိရပါတယ်။(NVS 008)