ဖာရန်တောရက်စ် ကိုခေါ်ယူဖို့ ပစ်မှတ်ထားလာတဲ့ အာဆင်နယ်အသင်း

27 Oct

ဘာစီလိုနာအသင်းမှ စပိန်တိုက်စစ်ကစားသမား ဖာရန်တောရက်စ် ကို ခေါ်ယူလိုတဲ့ အသင်းတွေထဲမှာ ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အသင်းလည်း ပါဝင်လာကြောင်း သိရပါတယ်။ အသက် ၂၄ နှစ်အရွယ် ဖာရန်တောရက်စ် ဟာ ဘာစီလိုနာအသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆို ထားသူဖြစ်ပြီး ယူရိုတစ်ဘီလီယံတန်ကြေးရှိတဲ့ လျော်ကြေးစာချုပ် ချုပ်ဆိုထားသူလည်းဖြစ်ပါတယ်။ သို့သော်လည်း ၎င်းအနေနဲ့ ဘာစီလိုနာအသင်းမှာ ပုံမှန်ပွဲကစားခွင့်မရတာကြောင့် ပရီးမီးယားလိဂ်အသင်းများက ခေါ်ယူရန် ချိန်ရွယ်နေကြခြင်းဖြစ်ပြီး ယခုအခါမှာ အဆိုပါအသင်းများထဲမှာ အာဆင်နယ်အသင်းကပါ ပါဝင်လာခြင်းဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ တိုက်စစ်ပိုင်းကို အားဖြည့်ရန်စီစဉ်နေပြီး နယူးကာဆယ်တိုက်စစ်မှူး အီဆက်ခ်၊ စပို့တင်းလစ္စဘွန်းတိုက်စစ်မှူး ဂျိုကာရက်စ် တို့အပြင် ဘာစီလိုနာတိုက်စစ်ကစားသမား ဖာရန်တောရက်စ် ကိုပါ ပစ်မှတ်ထားလာတာ ဖြစ်ပါတယ်။(NVS 008)

27 Oct

ADVERTISE HERE .