ဘယ်လင်ဂမ် ကို ကာကွယ်ပြောဆိုခဲ့တဲ့ အန်ဆယ်လော့တီ

27 Oct

ရီးရဲလ်မက်ဒရစ်အသင်းနည်းပြ အန်ဆယ်လော့တီ က ယခုရာသီ၌ ဂိုးမသွင်းနိုင်သေးတဲ့ ကွင်းလယ်ကစားသမား ဘယ်လင်ဂမ် ကို ကာကွယ်ပြောဆိုမှု ပြုလုပ်သွားခဲ့ကြောင်း သိရပါတယ်။ အသက် ၂၁ နှစ်အရွယ် ဘယ်လင်ဂမ် ဟာ ပြီးခဲ့တဲ့နှစ် နွေရာသီအပြောင်းအရွှေ့မှာ ယူရို ၁၀၃ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီး ပြိုင်ပွဲစုံ ၄၂ ပွဲမှာ ၂၃ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပေမယ့် ယခုရာသီမှာ ပြိုင်ပွဲစုံ ၉ ပွဲကစားပြီးချိန်အထိ ဂိုးသွင်းယူနိုင်ခြင်းမရှိသေးလို့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ နည်းပြ အန်ဆယ်လော့တီ က ဘယ်လင်ဂမ် အနေနဲ့ ပြီးခဲ့တဲ့ရာသီကလို ဂိုးတွေအများကြီး မသွင်းနိုင်ပေမယ့် အသင်းအတွက် အရေးကြီးတဲ့လုပ်ဆောင်မှုတွေကို လုပ်ဆောင်ပေးနေကြောင်း၊ လက်ရှိရာသီမှာ ဂိုးတွေသွင်းမပေး နိုင်တာက ပြဿနာမဟုတ်ကြောင်းနဲ့ ဂိုးသွင်းတာထက် ပိုအရေးပါတဲ့အလုပ်တွေကို လုပ်ဆောင်ပေးနေပါတယ်လို့ ကာကွယ်ပြောဆိုသွားခဲ့ပါတယ်။(NVS 008)

27 Oct

ADVERTISE HERE .