ကာတာအသင်းကို တာဝန်ယူရန် ဆွေးနွေးခဲ့တဲ့ နည်းပြ ဇာဗီ

27 Oct

ဘာစီလိုနာအသင်း နည်းပြဟောင်း ဇာဗီ က ကာတာလက်ရွေးစင်အသင်းကို ကိုင်တွယ်ရန် ဆွေးနွေး နေကြောင်း သိရပါတယ်။ အသက် ၄၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဇာဗီ ဟာ နည်းပြဘဝကို ကာတာကလပ် အယ်လ်ဆတ်ဒ်အသင်းနဲ့ အစပြုခဲ့ပြီး နှစ်နှစ်ခွဲကာလအတွင်းမှာ ဆုဖလားခုနှစ်လုံးအထိ ရယူပေးနိုင်ခဲ့သူဖြစ်ပါတယ်။ ဘာစီလိုနာအသင်း နည်းပြတာဝန်ယူခဲ့ချိန် ၂၀၂၂-၂၀၂၃ ဘောလုံးရာသီမှာ လာလီဂါချန်ပီယံဆု ရယူပေးနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့နွေရာသီမှာ အသင်းနဲ့လမ်းခွဲခဲ့ပြီးနောက် အသင်းလက်မဲ့ဖြစ်နေခဲ့ရာမှ ယခုအခါ နည်းပြလောကသို့ ပြန်လည် ဝင်ရောက်နိုင်ဖို့ နီးစပ်လာခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဇာဗီ အနေနဲ့ ကာတာနိုင်ငံ၊ ဒိုဟာမြို့သို့ ရောက်ရှိနေပြီး ကာတာလက်ရွေးစင်အသင်းကို ကိုင်တွယ်ရန်အတွက် ကာတာဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူများနဲ့ ဆွေးနွေးနေကြောင်း သိရပါတယ်။(NVS 008)

27 Oct

ADVERTISE HERE .