ဖီနာဘာချီအသင်းနဲ့ပွဲစဉ်က ရရှိခဲ့တဲ့ဒဏ်ရာကြောင့် ကာလရှည်အနားယူရဖွယ်ရှိတဲ့ အန်တိုနီ

27 Oct

မန်ယူအသင်းတောင်ပံကစားသမား အန်တိုနီ ဟာ ဖီနာဘာချီအသင်းနဲ့ တစ်ဂိုးစီသရေကျခဲ့တဲ့ ပွဲစဉ်မှာ ဒဏ်ရာ ရရှိခဲ့ပြီးနောက် ကွင်းအတွင်းမှ ချိုင်းထောက်ဖြင့် ထွက်ခွာသွားခဲ့ပြီး ၎င်းဒဏ်ရာကြောင့် ကာလရှည်အနားယူရဖွယ် ရှိကြောင်း သတင်းများဖော်ပြခဲ့ကြတာဖြစ်ပါတယ်။ အန်တိုနီ အနေနဲ့ အဆိုပါပွဲစဉ် ၇၃ မိနစ်မှာ လူစားဝင်ကစားခဲ့သော်လည်း ၁၆ မိနစ်အကြာမှာ ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။ ထိခိုက်မိချိန်မှာ ခြေထောက်ကိုဆုပ်ကိုင်ထားပြီး ကွင်းအတွင်းမှ လမ်းလျှောက်၍မသွားနိုင်တော့လို့ ထမ်းစင်ဖြင့် သယ်ထုတ်ခဲ့ရပြီး ပွဲအပြီးမှာ ဘယ်ဘက်ခြေထောက်ကို အကာအကွယ်ဝတ်ပြီး ချိုင်းထောက်ကို အသုံးပြု၍ ထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။ မန်ယူအသင်းက လက်ရှိအချိန်မှာ ဆေးစစ်မှုများ ပြုလုပ်နေဆဲဖြစ်ကာ အန်တိုနီ အနေနဲ့ ကာလရှည်အနားယူရဖွယ် ရှိနေတယ်လို့ သတင်းများက ဖော်ပြနေခဲ့ပါတယ်။ မန်ယူအသင်းမှာ လီနီယိုရို၊ လုခ်ရှော၊ ဂျွန်နီအီဗန့်စ်၊ မာလာစီယာ နဲ့ မက်ဂွိုင်းယား တို့မှာလည်း ဒဏ်ရာများရရှိထားပြီး အန်တိုနီ ရဲ့ လက်ရှိဖြစ်ရပ်ကြောင့် နည်းပြ တန်ဟတ် အတွက် ကြီးမားတဲ့ထိုးနှက်ချက်လည်း ဖြစ်လာခဲ့ပါတယ်။(NVS 008)

27 Oct

ADVERTISE HERE .