ဆင်နှင့်ပတ်သက်၍ အသေးစိတ်လေ့လာနိုင်မည့် မန္တလေးတိုင်းဒေသကြီး ဝါးနက်ဆင်စခန်း

27 Oct

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဝါးနက်ဆင်စခန်းတွင် ပြခန်းငယ်တစ်ခုတည်ဆောက်၍ လာရောက် လည်ပတ်သူများ အပန်းဖြေလေ့လာနိုင်ကြောင်းနှင့် တာဝန်ရှိသူများက ဆင်နှင့်ပတ်သက်သည်များကို ရှင်းလင်းပြသ ပေးလျက်ရှိကြောင်း ဆင်စခန်းတာဝန်ခံထံမှ သိရပါတယ်။ အဆိုပါပြခန်းတွင် ဆင်တစ်ကောင်လုံး၏ အရိုးစုနှင့်အတူ ဆင်များရဲ့ သဘာဝနှင့်အမူအကျင့်များကိုပါ လေ့လာနိုင်ရန် ဓာတ်ပုံများ၊ ဗီနိုင်းများဖြင့် ပြသထားရှိပါတယ်။ ဆင်များနဲ့ပတ်သက်တဲ့ ဗဟုသုတရဖွယ်များကို လေ့လာနိုင်ရန် ဆင်စခန်းပုံစံငယ်တစ်ခုတည်ဆောက်ထားပြီး ဆင်များကို ထိန်းသိမ်းမှုပညာရပ်များ၊ သစ်ခုတ်တဲ့ နေရာမှာ ဆင်တွေရဲ့လုပ်အားကို အသုံးပြုပုံ၊ ဆင်တွေရဲ့ သဘာဝဖြစ်စဉ်တွေကိုပါ လေ့လာနိုင်ပြီး ဆင်များရဲ့ ကျန်းမာရေးအတွက် ဆေးကျွေးခြင်းများကိုပါ လေ့လာနိုင်မှာဖြစ်ပါတယ်။ လက်ရှိတွင် ဆင်စခန်း၌ ဆင် ၉ ကောင်ရှိနေပြီး လာရောက်လည်ပတ်သူများအား ဆင်များရဲ့ ဖျော်ဖြေ တင်ဆက်မှုများဖြစ်တဲ့ ဘောလုံးကန်ခြင်း၊ ပုသိမ်ထီးနှင့်ကပြခြင်းတို့အပြင် ဆင်စခန်းအတွင်း ဆင်စီး၍ အပန်းဖြေခြင်း များကို ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။ ဆင်စခန်းဝင်ကြေးအဖြစ် တစ်ဦးလျှင် ငွေကျပ် ၁,၀၀၀ သတ်မှတ်ထားပြီး စိတ်ချမ်းမြေ့စွာ အပန်းဖြေအနားယူနိုင်ရန် နေရာများလည်း စီစဉ်ထားရှိကြောင်း သိရပါတယ်။(NVS 003)

27 Oct

ADVERTISE HERE .