Yangon International Trade Expo(2024) ကုန်စည်ပြပွဲကျင်းပ
27 OctSilver Sea International ကုမ္ပဏီလီမိတက်မှ စီစဉ်ကျင်းပသည့် Yangon International Trade Expo (2024)၊ Medical၊ Hospital၊ Health & Beauty Care Myanmar(2024)နှင့် Myanmar Education & Futher Study(2024) ပြပွဲကို အောက်တိုဘာလ ၂၅ ရက်မှ ၂၇ ရက်အထိ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ ရန်ကုန်ကွန်ဗင်းရှင်းစင်တာ(YCC)၌ ကျင်းပလျက်ရှိရာ လာရောက်လေ့လာဝယ်ယူသူများဖြင့် စည်ကားလျက် ရှိကြောင်း သိရပါတယ်။ ပြပွဲတွင် ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများ၊ ဆောက်လုပ်ရေး၊ အိမ်ခြံမြေ၊ IT ဆက်သွယ်ရေးနည်းပညာ၊ ဆိုလာ၊ အင်ဗာတာနှင့်လျှပ်စစ်စွမ်းအင်ဆိုင်ရာ ဆက်စပ်ပစ္စည်းများအား ခင်းကျင်းပြသ ထားပြီး မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများအတွက် အခြေခံကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများကို ပြပွဲအတွင်း လာရောက်လေ့လာနိုင်သလို ပညာရှင်များရဲ့ Seminar များ၊ Business Matching Program များနှင့် Networking Event များကိုပါ တစ်ပါတည်း ကျင်းပခြင်းဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် လူငယ်အကြိုက် Anime ဇာတ်ကောင်ပုံစံများ ဝတ်ဆင်ယှဉ်ပြိုင်နိုင်မည့် Yangon Weekend Cosplay ကိုပါ ထည့်သွင်းကျင်းပပေးလျက်ရှိပါတယ်။ ပြပွဲတွင် ပြခန်းပေါင်း ၂၀၀ ကျော်ဖြင့် နေ့စဉ် နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ ခင်းကျင်းပြသရောင်းချပေးလျက်ရှိပါတယ်။(NVS 003)