လူတင်ဓာတ်ရဲ့ ကျန်းမာရေး ကောင်းကျိုးတွေ

26 Oct

ဒီနေ့ည ၈ နာရီမှာတော့ Novel Star Page ရဲ့ ကျန်းမာရေးကဏ္ဍကနေ လူတင်ဓာတ်ရဲ့ ကျန်းမာရေး ကောင်းကျိုးတွေအကြောင်းကို ပြောပြသွားမှာဖြစ်ပါတယ်။ လူတင်ဓာတ antioxidant အောက်ဆီဂျင်ဓာတ်တိုးပစ္စည်း တစ်မျိုးပဲဖြစ်ပြီး မျက်လုံးကျန်းမာရေး၊ အရေပြားနဲ့ နှလုံးကျန်းမာရေးကောင်းမွန်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ ကင်ဆာရောဂါအချို့နဲ့ ဆီးချို ရောဂါကြောင့် အန္တရာယ်ရှိခြင်းမှ လျော့ကျစေနိုင်ပါတယ်။ လူတင်ဓာတ်က မျက်လုံးအမြင်အာရုံကို ကောင်းမွန်စေနိုင်ပါတယ်။ မျက်စိတိမ်စွဲရောဂါကို သက်သာ စေနိုင်ပါတယ်။ နေရောင်ကြောင့် အရေပြားပျက်စီးခြင်းကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။ အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းနဲ့ အရေပြားကင်ဆာကိုလည်း ကာကွယ်ဖို့ အထောက်အကူဖြစ်စေပါတယ်။ ဒါ့အပြင် သွေးထဲမှာ လူတင်ဓာတ်ပမာဏများခြင်းက သွေးထဲက သကြားဓာတ်အန္တရာယ်ကို ထိန်းချုပ် ပေးနိုင်တဲ့အတွက် ဆီးချိုရောဂါကိုလည်း ထိန်းချုပ်နိုင်ပါတယ်။ လူတင်ဓာတ်က ကင်ဆာရောဂါကို ကာကွယ်ဖို့ ကူညီပေးနိုင်တဲ့ သဘာဝဓာတ်တစ်မျိုးဖြစ်ပါတယ်။ လူတင်ဓာတ်ပါဝင်တဲ့ အစားအစာတွေမှာ အခြားအကျိုးရှိတဲ့ antioxidant ဓာတ်တွေ များစွာပါဝင်တာ ကြောင့် ယောင်ရမ်းခြင်းကို လျော့ကျစေနိုင်ပါတယ်။ ယောင်ရမ်းခြင်းကို လျော့ကျစေတဲ့အတွက် နှလုံးသွေးကြော ရောဂါနဲ့ပတ်သက်တဲ့ ရောဂါအန္တရာယ်ကိုလည်း လျော့ကျစေပါတယ်။ လူတင်ဓာတ်ပါဝင်တဲ့ အစားအစာတွေကတော့ ကိုက်လန်၊ တရုတ်မုန်လာ၊ ဟင်းနုနယ်ရွက်၊ ဂေါ်ဖီအနွယ်ဝင် ဂေါ်ဖီထုပ်အသေး/ကွမ်းသီးဂေါ်ဖီထုပ်၊ ပြောင်းဖူး၊ ပန်းပွင့်စိမ်း၊ ကြက်ဥ၊ သင်္ဘောသီး၊ လိမ္မော်သီးနဲ့ ပဲတောင့်စိမ်းတို့ ဖြစ်ပါတယ်။(NVS 003)

26 Oct

ADVERTISE HERE .