“အေးခဲထောပတ်သီးအနှစ်များကို မလေးရှားမှဝယ်ယူရန် သဘောတူညီမှုရရှိ”
25 Octပြည်တွင်းမှ စိုက်ပျိုးထွက်ရှိသော ထောပတ်သီးများကို မူလအတိုင်းသာမက အေးခဲအနှစ်ပြုလုပ်ထားတဲ့ တန်ဖိုး မြင့်ထုတ်ကုန် အေးခဲထောပတ်သီးအနှစ်များကို မလေးရှားနိုင်ငံက ဝယ်ယူရန် သဘောတူညီမှုရရှိပြီးဖြစ်တာကြောင့် တင်ပို့ရန်စီစဉ်လျက်ရှိရာ တောင်သူများအတွက် အခွင့်အလမ်းကောင်းများရရှိနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံထောပတ်သီး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။ အဆိုပါ တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ်ထုတ်လုပ်တဲ့ ထောပတ်သီးအေးခဲအနှစ်များကို မလေးရှားနိုင်ငံသို့ နမူနာ ပေးပို့ခဲ့ရာ ဝယ်ယူမည့်လုပ်ငန်းစဉ်များဆောင်ရွက်မှု ၉၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်တာကြောင့် ဈေးနှုန်းညှိနှိုင်းရန်အဆင့်သာ ကျန်ရှိကြောင်းသိရပါတယ်။ ဒါ့အပြင် အခြားနိုင်ငံများသို့ တန်ဖိုးမြင့်ထုတ်ကုန် အေးခဲထောပတ်သီးအနှစ်များ တင်ပို့နိုင်ရန်လည်း ပြင်ဦးလွင် ထောပတ်သီး၊ အထွေထွေစိုက်ပျိုးထုတ်လုပ်ရေး၊ အထွေထွေသမဝါယမလီမိတက်မှ လိုအပ်တဲ့ အခြေခံအဆောက်အုံများ တည်ဆောက်ရေးကို ပြင်ဆင်လျက်ရှိနေပါတယ်။ (NVS-004)