“ကာလာဖီအိုရီရဲ့ဒဏ်ရာကြောင့် ကာလတစ်ခုကြာအနားယူရဖွယ်ရှိတယ်လို့ဆိုတဲ့ နည်းပြ အာတီတာ”
25 Octရှက်တာဒိုးနက်စ်အသင်းကို အနိုင်ရတဲ့ပွဲမှာ ဒဏ်ရာရခဲ့တဲ့ နောက်ခံလူ ကာလာဖီအိုရီရဲ့ ဒဏ်ရာအခြေအနေက အနည်းငယ် စိုးရိမ်စရာကောင်းပြီး ကာလတစ်ခုကြာအနားယူရဖွယ်ရှိတယ်လို့ အာဆင်နယ်နည်းပြ အာတီတာ က ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့နွေရာသီ မှာ စီးရီးအေကလပ် ဘိုလော့နာအသင်းကနေ အာဆင်နယ်အသင်းကို ရောက်ရှိလာခဲ့တဲ့ အီတလီနောက်ခံလူ ကာလာဖီအိုရီ ဟာ ရှက်တာဒိုးနက်စ်အသင်းနဲ့ပွဲစဉ် ဒုတိယပိုင်းမှာ ညာဘက်ဒူး ဒဏ်ရာရရှိခဲ့ပြီး လူးစားခဲ့ရပါတယ်။ ပွဲဆက်လက်မကစားနိုင်တော့လို့ လူစား လဲခဲ့လိုက်ရတဲ့ ကာလာဖီအိုရီရဲ့ ဒဏ်ရာပြဿနာက အနည်းငယ် စိုးရိမ်စရာကောင်းသလို ဒဏ်ရာကို အသေးစိတ် စစ်ဆေးပြီးမှ အတိအကျသိနိုင်ပါလိမ့်မယ်လို့ နည်းပြ အာတီတာက ပြောကြားသွားခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ အခုတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အိမ်ကွင်းမှာ လီဗာပူးလ်အသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။ (NVS 008)
25 Oct