“ပရီးမီးယားလိဂ်က အဆင့်တစ်ခုမှာ ရှိနေသေးတယ်လို့ပြောကြားခဲ့တဲ့ မော်ရင်ဟို”
25 Octပရီးမီးယားလိဂ်က တခြားဥရောပအမှတ်ပေးပြိုင်ပွဲတွေနဲ့ မတူညီတဲ့ အဆင့်တစ်ခုမှာ ရှိနေဆဲဖြစ်တယ်လို့ တူကီယဲကလပ် ဖီနာဘာချီအသင်းနည်းပြ မော်ရင်ဟို က ပြောကြားသွားခဲ့ပါတယ်။ မန်ယူအသင်းနဲ့ ကစားရမယ့် ယူရိုပါလိဂ် ပွဲစဉ်မတိုင်ခင်မှာ မော်ရင်ဟိုက အခုလိုမျိုးပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ ပေါ်တူဂီလူမျိုးနည်းပြ မော်ရင်ဟို ဟာ မန်ယူအသင်းကို ၂ နှစ်ခွဲကြာ တာဝန်ယူခဲ့ဖူးသလို မန်ယူအသင်းနဲ့ အတူ ၂၀၁၇ မှာ ယူရိုပါလိဂ်ဆုဖလားကို ရရှိထားခဲ့သူ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ကလပ်တွေဖြစ်ကြတဲ့ ချဲလ်ဆီး၊ မန်ယူနဲ့ စပါးအသင်းတွေကို တာဝန်ယူခဲ့ဖူးတဲ့ မော်ရင်ဟို က ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အဆင့်အတန်းကို ကျန်တဲ့ ဥရောပထိပ်တန်းလိဂ်တွေအနေနဲ့ လိုက်မီနိုင်ဖို့က အဆင့်တစ်ခု လိုအပ်နေပါသေးတယ်လို့ သုံးသပ်သွားခဲ့ပါတယ်။ (NVS 008)
25 Oct