“ကယားဇာတိဖွား ဆင်မကြီး မိုမို ၇၁ နှစ်ပြည့်မွေးနေ့ ပြုလုပ်သွားမည်”

25 Oct

ဆင်မကြီး မိုမိုရဲ့ အသက် ၇၁ နှစ်ပြည့်မွေးနေ့ပွဲကို နိုဝင်ဘာလ ၁ ရက်မှ ၃ ရက်အထိ တိရစ္ဆာန် ဥယျာဉ်(ရန်ကုန်)တွင် ကျင်းပသွားမယ်လို့ သိရပါတယ်။ မွေးနေ့ပွဲကို အနုပညာရှင်ပေါင်းများနှင့်အတူ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာဖြစ်ပြီး ဆင်မကြီး မိုမို အတွက် မွေးနေ့အလှူ အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ Birthday Cake ခွဲခြင်း၊ Mo Mo Photo Exhibition၊ Keeper Talk၊ Music & Dance Performance၊ Magic Show၊ Photo Booth အစီအစဉ်များ ပါဝင်မည်ဖြစ်ကြောင်း သိရပါတယ်။ လွိုင်ကော်ဒေသတောနက်ကြီးထဲမှာ ဆင်မိသားစုနှင့်ကွဲကွာနေသော အသက် ၇ နှစ်အရွယ် ဆင်မလေး တစ်ကောင်ကို သစ်ခုတ်သမား ဦးခွန်ဆန္ဒမှ တွေ့ရှိဖမ်းယူခဲ့ပြီး ဇနီးဖြစ်သူ နော်မိုမို ကို ဂုဏ်ပြု၍ မိုမို ဟု အမည်ပေးခဲ့ကာ ၁၉၆၁ ခုနှစ် ဇွန်လ ၆ ရက်တွင် တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)သို့ ပို့ဆောင်လှူဒါန်းခဲ့ခြင်းဖြစ်ပါတယ်။ ဆင်မကြီး မိုမို က ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်သို့ လာရောက်လည်ပတ် ကြည့်ရှုလေ့လာသူများအား နှစ်ပေါင်း ၅၀ ကျော်ကြာအောင် ဖျော်ဖြေပေးခဲ့ပြီး ၎င်း၏အမည်အားခေါ်လိုက်လျှင် ပြန်လည်ထူးတတ်ခဲ့တာကြောင့် လူအများချစ်ခင်ခဲ့ကြပါတယ်။ လာရောက်ကြည့်ရှုသူတွေကို ကပြတတ်တဲ့ မိုမိုရဲ့ အမူအရာတွေကြောင့်လည်း လူအများက ပိုမိုချစ်ခင်ခဲ့ကြတာဖြစ်ပါတယ်။ ဆင်မကြီး မိုမို ရဲ့ အသက် ၆၀ ပြည့်ခဲ့တဲ့ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ မွေးနေ့မှစ၍ ဖျော်ဖြေမှုတွေကနေ အနားယူခဲ့ကာ မွေးနေ့ပွဲကျင်းပမှုတွေကို နှစ်စဉ်နှစ်တိုင်း အောက်တိုဘာလတွင် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၌ ကျင်းပလေ့ရှိကြောင်း သိရသည်။ (NVS 004)

25 Oct

ADVERTISE HERE .